ဒီ​နေ့ YBS 35 ​ပေါ်မှာကြုံလာရတဲ့ပြသနာပါ မိန်းခ​လေးတိုင်းဖတ်​ကြည့်​​ပေးပါရှင်​ မိန်းခ​လေး​တွေကို​နောက်​က​နေမဖွယ်​မရာလိုက်​လုပ်​​နေတာပါ

acv5

အခုခံရတဲ့ညီမ​လေး​တွေကိုဒီလိုလုပ်​​နေလို့​နေရာ​တွေလဲ​ပေးတာ​တောင်​ ..သူကအဲ့ညီမ​လေး​နေရာ​ပြောင်းတဲ့​နေရာထိ​နောက်​​နေအဲ့လိုလိုက်​လုပ်​​နေတာပါ …ခံရတဲ့ညီမ​လေး​တွေကတိုင်းရင်းသူ​လေး​တွေပါအလုပ်​ကိစ္စ​ကြောင့်​ရန်​ကုန်​လာတဲ့သူ​တွေပါ

အဲ့လိုလုပ်​ခံ​နေရရင်​ရှက်​ကြ​ကြောက်​ကြပါတယ်​ ..​ကြောက်​​ပေမဲ့လုံးဝမရှက်​ပါနဲ့​ဘေးလူကို​ပြောပြပါ ..ညီမအခု ညီမ​ရှေ့မှာပထမဆုံးကြုံဖူးတာပါ …ကိုယ်​တိုင်​​ဒေါသထွက်​ပြီးထ​သောင်းကျန်းချင်​တာပါ

ဒါ​ပေမဲ့ လူအများပါလို့ လူတိုင်းလဲသူဒီလုပ်​လုပ်​တာမြင်​​နေရပါတယ်​ …ညီမ 199 ကိုဖုန်းဆက်​ပြီး ဖြစ်​တဲ့ပြသနာ ကားနံပါတ်​ကားသွားတဲ့လမ်း​ကြောင်းအကုန်​​ပြောလိုက်​ပါတယ်​ …သူတို့ဘက်​ကချက်​ချင်းသက်​ဆိုင်​ရာနယ်​​မြေရဲစခန်းအ​ကြောင်းကြားပြီး ရဲလိုက်​ခိုင်းပါတယ်​။

 

အခုဒီလူကို လမ်းဝမှတ်​တိုင်​မှာရဲ​စောင့်​​နေပြီးတခါထဲလက်​ထိပ်​ခတ်​ပြီး​ခေါ်သွားပါတယ်​ …ကာယကံရှင်​​တွေ​ရောညီမတို့ကား​ပေါ်ကအမ​တွေ​ရောရဲစခန်းထိလိုက်​သွားပြီး သူလုပ်​​နေတဲ့သက်​​သေ​တွေပါပြလိုက်​ပါတယ်

နယ်​ကလာပြီးဘုန်​ကြီး​ကျောင်းမှာ​နေတယ်​​ပြောပါတယ်​ အရက်​​တွေမူးရူ​နေတာပါ ..သူတို့ကိုမထိဘူး ကားမှားစီးလာတာ​ပြောပါတယ်​ ..အမှုဖွင့်​မလား​မေး​ပေမဲ့ ညီမတို့မဖွင့်​ခဲ့ပါဘူး

ဒီလိုထပ်​မလုပ်​နိုင်​​အောင်​တခြားထိ​ရောက်​တဲ့အ​ရေးယူမှုတခုပြုလုပ်​ဖို့ပဲ​ပြောခဲ့ပါတယ်​(အချုပ်​၇ရက်​ချ​ပေးပါမယ်​​ကျေနပ်​မှုရှိလား​မေးပါတယ်​ညီမတို့လက်​ခံခဲ့ပါတယ်​)

လုံးဝမရှက်​ပါနဲ့​ဘေးလူကို​ပြောပါ ဘယ်​ဖုန်းဆက်​ရမှန်းမသိမဖြစ်​ပါနဲ့ 199 ကိုဆက်​ပါမရှက်​တမ်း​ပြောပြ​ပေးပါ ..​နောက်​လုံးဝဆင်းမ​ပြေးပါနဲ့ ဆင်းလိုက်​လာပြီးလူကိုဒုက္ခ​ပေးနိုင်​ပါတယ်​ အားလုံးပဲဂရုစိုက်​​ပေးကြပါ …​ဘေးကင်းနိုင်​ပါ​စေရှင် Credit video ဖိုင်..

LEAVE A REPLY

Please enter your comment!
Please enter your name here