ခရီးသည်များကို ထိခိုက်ဒဏ်ရာ ရရှိမှု မရှိဘဲ ဘေးအန္တရာယ်ကင်းစွာ လေယာဉ်ကို ထိန်ချုပ် ဆင်းသက်နိုင်ခဲ့သည့် မြန်မာ အမျိုးသား လေကြောင်းလိုင် (MNA) မှ လေယာဉ်မှူးကြီး ဦးမြတ်မိုးအောင် အဖွဲ့ကို အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ဂုဏ်ပြုမှတ်တမ်းလွှာ အပါအဝင် ဝန်ကြီးဌာန၊ အဖွဲ့ အစည်းများ၏ ဂုဏ်ပြုပွဲ အခမ်းအနားတခုကို ယနေ့ နေ့လယ်ပိုင်းက နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ဒီကနေ့ မနက်ပိုင်းက နေပြည်တော်မှာ နိုင်ငံတော်အတိုင်ပင်ခံရုံး၊ ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာန ၊ ပို့ဆောင်ရေးဝန်ကြီးဌာနတွေက ဂုဏ်ပြု လိုက်တာပါ။ ဒီလို အစိုးရ က ဂုဏ်ပြုတာအပြင် လေယာဉ်ပေါ်လိုက်ပါလာခဲ့တဲ့ ခရီးသည်တွေကလည်း လေယာဉ်မှူးကြီးနဲ့ အဖွဲ့ ကို ဂုဏ်ပြု ဦးမယ်လို့သိရပါတယ်။

လေယာဉ်မှူးကြီး ဦးမြတ်မိုးအောင်၊ တွဲဖက် လေယာဉ်မှူး ဦးမျိုးသီဟအောင်၊ တွဲဖက် လေယာဉ်မှူး ဦးကောင်းဆက်လင်း၊ အကြီးတန်း လေယာဉ်မယ် ဒေါ်ချယ်ရီမြင့်၊ အကြီးတန်း လေယာဉ်မယ် ဒေါ်ကေဂျာဆန်းအောင်၊ လေယာဉ်မယ် ဒေါ်ဥမ္မာအောင်၊ လေယာဉ်မယ် ဒေါ်ခိုင်ဇာလင်းတို့ကို အခမ်းအနားဖြင့် ဂုဏ်ပြုပွဲ ကျင်းပပေးခဲ့သည်။

MNA လေကြောင်းလိုင်းမှ လေယာဉ်အမှတ် (XY-AGQ ၊ Embraer 190) ခရီးသည်တင် လေယာဉ်သည် လေယာဉ်အမှုထမ်း ၇ ဦးနှင့် ခရီးသည် ၈၂ ဦးတို့ကို တင်ဆောင်လျက် မေလ ၁၂ ရက်နေ့က ရန်ကုန်မှ မန္တလေးသို့ ပျံသန်းလာရာ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်းတွင် Nose Landing Gear ချမရခဲ့သော်လည်း မြေပင်သို့ အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here