နေခြည်ဦးဟာ ဒီနေ့ခေတ်ရဲ့ Social Media မှာရော၊ အနုပညာလောကမှာပါ အောင်မြင်သူတစ်ဦးဖြစ်ပါတယ်။ Beauty Blogger ဘဝကနေ ပရိသတ်တွေရဲ့ သတိထားခြင်း ခံလာရသူလေးဖြစ်ပြီး နောက်ပိုင်းမှာတော့ ကြော်ငြာတွေရိုက်ကူးရာမှတဆင့် အနုပညာလောကထဲကို ထိုးဖောက်ဝင်ရောက်လာသူဖြစ်ပါတယ်။ အခုဆိုရင် နေခြည်ဦးက ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလဲ ရိုက်ကူးနေပြီပဲဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို အပြည့်အဝရရှိထားသူလေးဖြစ်ပါတယ်။နေခြည်ဦးက လက်ရှိမှာတော့

ဒါရိုက်တာ ပွင့်သိဂီဇော် (အရုဏ်ဦး) ရိုက်ကူးတဲ့ “အခမ်းနားဆုံး ​မေတ္တာ” ရုပ်​ရှင်​ဇာတ်​ကားကြီးမှာ နေတိုးနဲ့အတူတူ သရုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခောက်မှာတော့ နေခြည်ဦးက “အခမ်းနားဆုံး ​မေတ္တာ” ရုပ်​ရှင်​ဇာတ်​ကားကြီးမှ ရိုက်ကွင်းပုံရိပ်တွေကို ပရိသတ်တွေဆီမျှဝေပေးထားပါတယ်။”

 

အခမ်းနားဆုံး ​မေတ္တာ” ရုပ်​ရှင်​ဇာတ်​ကားကြီးမှာ နေတိုးနဲ့ နေခြည်ဦးက ရိုမန့်တစ်ဆန်ဆန် ဇာတ်ဝင်ခန်းတွေကို အများကြီး ရိုက်ကူးမယ်လို့လဲ သိရပါတယ်။ ထိုရုပ်ရှင်ဇာတ်ကားကြီးမှာ အဓိက သရုပ်ဆောင် များ အဖြစ် နေတိုး ၊ ရဲအောင် ၊ သူရိယ ၊ တိုင်ရွန် ၊ စိုးမြတ်သူဇာ ၊ နေခြည်ဦး ၊ မေဘရဏီသော် နှင့်

အနုပညာရှင် များစွာ ပါဝင်သရုပ်ဆောင် ကြမှာပဲ ဖြစ်တယ်လို့ သိရပါတယ်။ နေခြည်ဦးကလဲ နေတိုးနဲ့အတူတူ “အခမ်းနားဆုံး ​မေတ္တာ” ရုပ်​ရှင်​ဇာတ်​ကားကြီးမှာ ကြိုးစားပြီး သရုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီး ရုံတင်ပြသရင်လဲ အားပေးကြဖို့ မမေ့ပါနဲ့နော် ။ ကြည့်ရှုအားပေးကြပါသော ချစ်ပရိသတ်များအပေါင်းကို  ကျေးဇူးအထူးတင်ရှိပါတယ်နော်။

LEAVE A REPLY

Please enter your comment!
Please enter your name here