မြန်မာနိုင်ငံရဲ့ အအောင်မြင်ဆုံးနဲ့ ပရိသတ်အများဆုံးပွဲကြီးကို ကျင်းပနိုင်ခဲ့တဲ့ စိုင်းစိုင်းခမ်းလှိုင်

ပရိသတ်တွေ များစွာ အားပေးချစ်ခင်ကြတဲ့ စိုင်းစိုင်းခမ်းလှိုင်ရဲ့ (၁၅) ကြိမ်မြောက် မွေးနေ့ရှိုးကြီးကတော့ မနေ့က ဧပြီလ (၁၀)ရက်နေ့က အောင်အောင်မြင်မြင်နဲ့ ကျင်းပနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ စတိတ်စင်အလန်းကြီးတွေနဲ့ အနုပညာရှင်ပေါင်းများစွာ ပါဝင်အားဖြည့်ကြတဲ့ စိုင်းစိုင်းရဲ့ မွေးနေ့ရှိုးပွဲက နှစ်စဉ်နှစ်တိုင်း အောင်မြင်တယ်ဆိုပေမယ့် ဒီနှစ်ကတော့ ပရိသတ်အများဆုံးနဲ့ အစည်ကားဆုံး ပွဲကြီးလို့ ဆိုနိုင်ပါတယ်။ စိုင်းစိုင်းရဲ့ (၁၅) ကြိမ်မြောက် မွေးနေ့ရှိုးကြီးကို ရန်ကုန်မြို့ သုဝဏ္ဏဘူမိကွင်းကြီးမှာ ကျင်းပခဲ့တာဖြစ်ပြီး ပရိသတ်တွေ သောင်းနဲ့ ချီပြီး တက်ရောက်ခဲ့ကြပါတယ်။

စိုင်းစိုင်းခမ်းလှိုင်ရဲ့ Birthday Show ကြီးကို အားပေးသူ ပရိသတ်ပေါင်း သုံးသောင်းကျော် တက်ရောက်ခဲ့ကြပြီး ထိုသုဝဏ္ဏဘူမိကွင်းကြီးမှာ လူပြည့်လူလျှံဖြစ်တဲ့ ပထမဆုံးပွဲကြီး ဖြစ်တယ်လို့လဲ သိရပါတယ်။ စိုင်းစိုင်းကတော့ တစ်နှစ်ထက်တစ်နှစ် အောင်မြင်မှုတွေ ရလာတာ တကယ်ကို ကြောက်ခမန်းလိလိပဲနော်။

ကြည့်ပါဦး ပရိသတ်ကြီးရေ…သုဝဏ္ဏဘူမိကွင်းအကျယ်ကြီးမှာ လူတွေဆိုတာ နေရာလပ်မရှိအောင် များပြားနေတာပဲနော်။

နည်းနည်းနောနော ပရိသတ်တွေလား

စိုင်းစိုင်းခမ်းလှိုင်ကလဲ “SAISAI BIRTHDAY SHOW မှာပါဝင်တဲ့ ပရိသတ်များအားလုံး သူငယ်ချင်းများအားလုံး အနုပညာရှင်များအားလုံး ပါဝင်ကူညီကြသူများအားလုံး ဒီ Project နဲ့ Operation မှာပါဝင်သူများအားလုံး Sponsor များအားလုံး ဒီကွင်းထဲမှာရောက်နေတဲ့ တစ်ယောက်မကျန်အားလုံးနဲ့ အနယ်နယ်အရပ်ရပ်က ဆုတောင်းမေတ္တာပို့သပေးနေတဲ့ အားပေးပံ့ပိုးပေးနေတဲ့ စိုင်းစိုင်းမိတ်ဆွေများနဲ့ ပရိသတ်များအားလုံး ရင်ထဲ အသည်းထဲက လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်အပ်ပါတယ်ခင်ဗျား” ဆိုပြီး ကျေးဇူးတင်စကားဆိုထားပါတယ်။

စိုင်းစိုင်းကတော့ သူ့ရဲ့ အနုပညာသက်တမ်းတစ်လျှောက် အအောင်မြင်ဆုံး ရှိုးပွဲကြီးကို ခမ်းခမ်းနားနား ကျင်းပခဲ့တာ ဖြစ်ပါတယ်။ စိုင်းစိုင်းရဲ့ အောင်မြင်မှုကတော့ ကြောက်ခမန်းလိလိပဲနော်။ စိုင်းစိုင်းရဲ့ ရှိုးကို သွားကြည့်ခဲ့တဲ့ ပရိသတ်တွေလဲ ပျော်ရွှင်ခဲ့ကြမယ်လို့ မျှော်လင့်ပါတယ်နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။း

Leave a Reply

Your email address will not be published. Required fields are marked *

Show Buttons
Hide Buttons