အပြုံးချိုချိုလေးတွေရဲ့ ပိုင်ရှင်စမိုင်းလ်က ပရိသတ်တွေ အားကျရတဲ့ သာယာအေးချမ်းတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားသူပါ။ စမိုင်းလ်က အလိုလိုက်ပြီး မျက်နှာအညှိုးမခံတဲ့ ခင်ပွန်း၊ နိုင်ငံခြားသူလေးတွေလို လှပချစ်စရာကောင်းတဲ့ သမီးနှစ်ဦးနဲ့ ပျော်စရာကောင်းတဲ့ နေ့ရက်တွေကို ကုန်ဆုံးနေတာပဲဖြစ်ပါတယ်။ စမိုင်းလ်က အနုပညာလုပ်ငန်းတွေ မလုပ်ကိုင်တော့တဲ့ပဲ စိတ်ခွန်အားပေးစာအုပ်တစ်အုပ် ထုတ်ထားပြီး ပရိသတ်တွေကို ကျန်းမာစေတဲ့ နည်းလမ်းတွေကို မျှဝေနေသူတစ်ဦးဖြစ်ပါတယ်။

စမိုင်းလ်က အားကစားကို ပြင်းပြင်းထန်ထန် လုပ်သူတစ်ဦးဖြစ်ပြီး သူမရဲ့ အားလပ်တဲ့ အချိန်တွေကို အားကစားခန်းမမှာပဲ ကုန်ဆုံးလေ့ရှိသူတစ်ဦးဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ စမိုင်းလ်က အားကစားလုပ်နေရင်း Online Influencer တစ်ဦးဖြစ်တဲ့ ဖြိုးဖြိုးအောင်နဲ့ ဆုံတွေ့ရင်း ဖြစ်ခဲ့တဲ့ အလွဲတွေကို အခုလိုပဲ ပြောထားပါတယ်။

စမိုင်းလ်က “အလွဲလေးတွေကမဆိုးပါဘူး။ လူနဲ့နာမည်နဲ့သိပ်မမှတ်တတ်တဲ့ကျမ gym မှာလာဆော့တဲ့ကောင်မလေး fb မှာသူ့ဗီဒီယိုတွေတွေ့ဖူးတယ်လေ လာနုတ်ဆက်တော့အေးညီမလေးကို သိတယ်လေ Food to you ကမှတ်လားဆိုတော့ food to you က delivery service တဲ့သူက Food for your brain ကတဲ့😩 ကိုယ်လည်းအရှက်ပြေအေးလေဟုတ်တယ် နာမည်ကြီး beauty blogger လေဆိုတော့ သူကသမီးက beauty blogger မဟုတ် influencer တဲ့🙊 ဪအေးးအဲဒါပြောတာလေလို့ … 😓 ဖျားဖျား နောက်တွေ့ရင်ချောင်းရိုက်မှဒုက္ခ ဒါလေးတောင်မသိတဲ့စောင်အဖွားကြီးဆိုပြီး😭ဖွားကြီးလေ့ကျင့်ခန်းတွေလုပ်ပြီးဂေါက်တွားလို့ပါညီမရယ် ချစ်တယ်နော်ဟီးး” ဆိုပြီး အရွှန်းဖောက်ထားပါတယ်။

ဖြိုးဖြိုးအောင်က ပရိသတ်တွေသိပြီးသားဖြစ်တဲ့ food for your Brain Page ကို ဦးစီးပြီး ပရိသတ်တွေကို စိတ်ဓာတ်ခွန်အားတွေ ဘဝနေထိုင်မှုနည်းလမ်းတွေကို မျှဝေပေးတဲ့ သူတစ်ဦးပဲ ဖြစ်ပါတယ်။

စမိုင်းလ်ကတော့ လွဲလိုက်ရင်လဲ တကယ်ပါပဲနော်။ စမိုင်းလ်ရဲ့အဖြစ်ကို ဖြိုးပပကလဲ စိတ်မဆိုးတဲ့အပြင် ပွင့်ပွင့်လင်းလင်း နေတတ်တဲ့ စမိုင်းလ်ကို ပိုလို့တောင် ချစ်သွားမှာ သေချာပါတယ်

LEAVE A REPLY

Please enter your comment!
Please enter your name here