ဒီနေ့ မနက် ဗဟိုလမ်းနဲ့ ဗားဂရာလမ်းဒေါင့်မှာမြောင်းဆယ် နေတဲ့ စည်ပင်လုပ်သားတွေကိုမြီးရှည် ကိုယ်တိုင်ထချက်ပြီးသွား ဝေခဲ့တယ်..

သူတို့ ဝင်ဆယ်နေတဲ့ ရှစ်ပေ ဆယ့်နှစ်ပေလောက် နက်တဲ့ မြောင်းထဲကို ဆင်းကြည့်ခဲ့တယ်..

(မှတ်ချက်.. ကိုယ်အမှိုက်ဝင်ဆယ်တာမဟုတ်ပါ ဓါတ်ပုံဝင်ရိုက်ခဲ့ရုံပါ)ပုံလေးတွေ မြင်တာနဲ့ သူတို့တွေ အလုပ်လုပ်ရတာ ဘယ်လောက်ထိ ပင်ပန်းဆင်းရဲတယ်ဆိုတာ တွေ့မှာ ပါနော်

ရန်ကုန်မြို့ကြီး ရေစီးရေလာ ကောင်းဖို့အတွက်စနစ်တကျ ပြုလုပ်ပေးခဲ့တဲ့ မြောင်းကြီးဟာလူတွေ စည်းကမ်းမဲ့ အမှိုက်ပြစ်ခဲ့တဲ့အတွက်မြောင်းပေါက်တောင် ရှာမရအောင်ပိတ်ဆို့နေခဲ့တယ်

အခုလို ခက်ခက်ခဲခဲ ညစ်ပတ်မွန်းကြပ်နေတဲ့..မြောင်းထဲဆင်းပြီး ရေပုတ်တွေထဲ ရေငုတ်ပြီး အမှိုက်တွေ ရှင်းထုတ်ပေးနေပြီ..သူတို့လုပ်နေရတာတွေကို ကြည့်ပြီး နည်းနည်းလောက်ကိုယ်ချင်းစာမယ်ဆိုရင် အမှိုက်တွေ မပစ်ကြပါနဲ့နော်

ကိုယ်တိုင်မလုပ်နိုင်တဲ့ အလုပ်တွေဖြစ်လို့အမှိုက်မပြစ်ခြင်းဖြင့် တဘက်တလမ်းကမြို့တော်သာယာလှပပြီး..မိုးတွင်း ရေကြီးရေလျှံ မဖြစ်ရအောင်ကူညီကြရအောင်လား

LEAVE A REPLY

Please enter your comment!
Please enter your name here