ရွှေမှူံကယောက်ျားကိုပြုစုနေတာပဲအမြဲမြင်နေရတယ်ဆိုတဲ့ ငွေမှူံရတီ

ရွှေမှူံရတီနဲ့ ငွေမှူံရတီဟာ သိပ်ချစ်ကြတဲ့ ညီအစ်မတွေဖြစ်ပြီး နှစ်ယောက်စလုံးအနုပညာဝါသနာပါပြီး အနုပညာလမ်းကိုလျှောက်လှမ်းနေကြတာချင်းလည်း တူကြတဲ့ညီအစ်မတွေပါ။ ဒါပေမယ့် ပရိသတ်တွေကတော့ ငွေမှူံနဲ့ရွှေမှူံက ပုံစံချင်းမတူပဲ တစ်မျိုးတစ်ဘာသာစီလို့ မှတ်ချက်ပေးထားကြပါတယ်။ ငွေမှူံဟာလည်း အခုဆိုရင် အနုပညာအလုပ်တွေတော်တော်များများလုပ်နေပြီး ထွန်းတောက်စပြုနေတဲ့ ကြယ်တစ်ပွင့်ဆိုရင်မမှားပါဘူး။ ငွေမှူံက မကြာသေးမီက ဧည့်သည် Press show ပြပွဲမှာ ရွှေမှူံတို့ဇနီးမောင်နှံနဲ့ပတ်သက်ပြီး ဖြေကြားသွားခဲ့ပါတယ်။

ငွေမှူံက ရွှေမှူံရဲ့ ဧည့်သည်ဇာတ်ကားနဲ့ပတ်သက်ပြီးအမြင်ကို “ဒီကားလေးက လူတိုင်းကြိုက်ကြမှာပါ။ Relationship တစ်ခုမှာ ဖြစ်တတ်တဲ့သဘာဝလေးတွေကို ရိုက်ထားတဲ့အတွက် စိတ်ဝင်စားကြမှာပါ။ ဘယ်လိုပြောရမလဲ ကောင်းပါတယ်”လို့ ဖြေကြားထားပါတယ်။ရွှေထူးရဲ့သရုပ်ဆောင်မှူနဲ့ပတ်သက်ပြီးတော့ ငွေမှူံကကောင်းပါတယ်။ သူလည်းဒီကားထဲမှာ ကြိုးစားထားတာထက်ပိုပြီးကြိုးစားထားတာပဲ။ သူ့ fans တွေလည်းရှိတာပဲဆိုတော့ ကြိုက်ကြမှာပါ။ သူ့ကိုတော့ အားရပါးရ ပြောလို့ရမယ်လို့ထင်တာပဲ။ညီမကတော့ ညီမအစ်ကိုလည်းဖြစ်ပြီဆိုတဲ့အခါကျတော့ ပြောမှာပါ။ ကောင်းတာရောဆိုးတာရောပြောမှာပါ။ အလကားစတာ။ ကောင်းပါတယ်။ဒီကားထဲမှာ သူလည်း အသစ်တစ်ယောက်အနေနဲ့ တော်တော်လေးကြိုးစားထားတာဆိုတော့ ကောင်းပါတယ်”လို့ ဝေဖန်ထားပါသေးတယ်

။ရွှေမှူံနဲ့ရွှေထူးတို့ လက်ထပ်ပြီးနောက် ရုပ်ရှင်အတူတူရိုက်ရင်ဘယ်လိုကွာခြားသွားမယ်ထင်လဲဆိုတာကို ငွေမှူံက “လင်မယားကျတော့ လင်မယားဖီလင်ဖြစ်သွားပြီလေ။ တစိမ်းတွေကျတော့ချစ်သူရည်းစားဖီလင်ကို တကယ့်ချစ်သူရည်းစားနဲ့တွေပုံစံမျိုးရိုက်လို့ရတာပေါ့။ လင်မယားအနေနဲ့ရိုက်တဲ့အခါကျတော့ လင်မယားဆိုတော့ တအားချစ်သွားကြပြီလေ။ အဲတော့ ချစ်သူရည်းစားလိုပြန်ရိုက်တဲ့အခါ အခက်အခဲတော့ရှိမှာပေါ့။ လင်မယားအချစ်ပေါ်နေမှာလေ”လို့ ပြောထားပါတယ်။

ရွှေမှူံနဲ့အိမ်ထောင်မကျခင်နဲ့အိမ်ထောင်ကျပြီးစပ်ကြား ပြောင်းလဲသွားပုံကိုတော့ ငွေမှူံက “အိမ်ထောင်ရှင်မကြီးဖြစ်သွားတယ်။ ညီမက သူ့ဆီသွားရင်အမြဲတမ်းယောက်ျားကို ပြုစုနေတာတို့ ချစ်နေတာတို့ အဲ့ဒါတွေပဲမြင်နေရတယ်ပေါ့နော်။ အဲ့ဒါလေးတွေကွာသွားတယ်။ နောက်ပြီးတော့ နည်းနည်းလေးဝိတ်တက်လာတယ်ပေါ့နော်။ နည်းနည်းလေးဝလာတယ်။ နှစ်ယောက်လုံးက ချစ်နေကြတယ်။ သာယာနေကြတယ်ပေါ့။ ဒီတိုင်းပါပဲ။ ညီမတို့မိသားစုကြားမှာ ဘာမှပြောင်းလဲသွားတာတော့ မရှိပါဘူး။ ဒီတိုင်းလေးပါပဲ”လို့ ဖြေကြားထားပါတယ့်ပရိသတ်ကြီးရော ငွေမှူံရတီကိုချစ်ကြလား။ အစ်မဖြစ်သူခြေရာနင်းပြီး မင်းသမီးကြီးဖြစ်လာတော့မယ့် ငွေမှူံကိုအားပေးကြမှာလား။ ပြောခဲ့ကြပါဦး။

Leave a Reply

Your email address will not be published. Required fields are marked *

Show Buttons
Hide Buttons