ကျွန်​​တော်​ ဗုဒ္ဓဟူး​နေ့က ​မှော်​ဘီ ဂျပန်​ဘုရားကို မိသားစု၇​ယောက်​နဲအတူ …ဘုရားသွားဖူးတယ်​​ဗျာရာသီဥတုက​တော့​အ​တော်​ပူတယ်

ဂျပန်​ဘုရားနဲပတ်​သတ်​ပြီး အလှူ​ငွေအတင်း​ကောက်​တဲ့ပုံစံ​တွေ ​တွေ့​နေရ​တော့​နေပူတာကတစ်​​ကြောင်း အဲလိုသတင်း​တွေမြင်​​နေရတာကတစ်​​ကြောင်းသိပ်​မသွားချင်​ဘူး။ဒါ​ပေမဲ့ နယ်​ကအဘိုးအဘွား​တွေက ​ရောက်​တုန်း​ရောက်​ခိုက်​ သွားဖူးချင်​တယ်​ဆိုလို့ သွားဖြစ်​တာပါ..

ကျွန်​​တော်​ဂျပန်​ဘုရားကို​ရောက်​​တော့​နေ့လည်​ ၁၁နာရီ၅၀မိနစ် ဘုရားထဲကိုကားနဲဝင်​လ်ို့ရ​ပေမဲ့ သိမ်​ထဲကတံခါးကို​တော့ပိတ်​ထားပါတယ်​ ၁၂ခွဲမှဝင်​လို့ရမှာပါတဲ့ ​စောင့်​ရပါတယ်​ပထမ အဲဒီအချက်​ကို ကျွန်​​တော်​ နားလည်​တယ်​အထဲမှာက ​ရှေး​ဟောင်းဘုရား​တွေဆို​တော့ အ​ပျောက်​အရှ ဖြစ်​မှာကို ထည့်​တွက်​တာ​နေမှာ​ပေါ့​လေ

ဒါနဲကျွန်​​တော့အ​မေနဲညီမ​လေးက ​ဘောင်းဘီအပွအရှည်​နဲပါ အမြင်​မရိုင်းပါဘူး ဒါ​ပေမဲ့ သူတို့က​ယောဂီဝတ်​စုံလဲရမယ်​​ပြော ဒုတိယအချက်​ ကိစ္စမရှိဘူး ကျွန်​​တော်​တို့နားလည်​​နိုင်​ပါတယ်​ဒါ​ပေမဲ့ ​ယောဂီအဝတ်​ငှါးရင်​ တစ်​​ယောက်​ကို ၂ထောင်တဲ့ များတယ်​လို့ထင်​တယ်​ဗျာ ၂ထောင်ဆို​တော့ စီးပွား​ရေးဆန်​သလိုပဲ တတိယအချက်​ သိပ်​ကိစ္စမရှ်​​သေးပါဘူး အဲထဲကိုဝင်​​တော့ သိမ်​ရဲ့ပထမအထပ်​​ပေါ့ဗျာ ဘုရား​တွေကိုဖူးမယ်​ဆိုရင်​ဒုတိယအထပ်​ တတိယအထပ်​ စတုတ္ထအထပ်​ စသည်​ဖြင့်​ တက်​သွားရတယ်

ကျွန်​​တော်​တို့က ၁၂နာရီခွဲပထမဆုံးဝင်​ရတဲ့လူ​တွေမို့ ​လော​လောဆယ်​အ​ခြေအ​နေမှာ သိမ်​အ​ပေါ်ထပ်​​တွေမှာ ဘုရားဖူး​နေတဲ့လူ​တွေမရှိဘူး….ဒါ​ပေမဲ့ အဲဒီသိမ်​​အောက်​ထပ်​မှာ ပထမ လူကြီးတစ်​​ယောက်​ အလှူခံပါတယ်​ ဒုတိယမိန်းမကြီးတစ်​​ယောက်​ ပီး​တော့လူကြီးတစ်​​ယောက်​ ပီး​တော့ဘုန်းကြီး တစ်​​ယောက်​တစ်​မျိုးစီနဲ မလှူမ​နေရပုံစံမျိုး အလှူခံတာပါ မယုံရင်​သွားကြည့်​ကြပါခင်​ဗျားတော်​​တော်​ကိုစိတ်​အ​နှောက်​အယက်​ဖြစ်​ရပါတယ်​နာရီဝက်​မကကြာပါတယ်

ကျွန်​​တော်​fbမှာ​တွေ့ရတဲ့ (​မှော်​ဘီဘုရားတစ်​​​ခေါက်​ရဲ​ရောက်​)ဆိုသလို ​တော်​​တော်​ ကသိက​အောက်​ဖြစ်​ရပါတယ်​ဗျာ…တစ်​ခါမှမကြားဖူးတဲ့

အိမ်​​ထောင်​​ရေးဘုရား

ကျန်းမာ​ရေးဘုရား

ပညာ​ရေးဘုရား

စီးပွား​ရေးဘုရား…ထူးထူးခြားခြားဘုရားဘွဲ​တော်​​တွေလည်းကြားဖူးပါရဲ့

ထွေ​ထွေထူးထူး​တော့မ​ရေးတတ်​လို့ပါ ​ပြောချင်​တာ​တွေကျန်​ပါ​သေးတယ်​မ​ရေးတတ်​လို့ပြောချင်​တဲ့အဓိကအချက်​​တွေက အချိန်​အကြာကြီးအလှူခံတာ မဖြစ်​မ​နေလှူရမဲ့ပုံစံ​တွေ​ပြောတာ

ဒုတိယမိန်းမကြီးဆိုရင်​( အိမ်​​ထောင်​​ရေးအဆင်​​ပြေချင်​ရင်​​တော့ ဒီဘုရားကိုးကွယ်​ရမယ်​)အဲလိုစကား​ပြောပါတယ်​မသိရင်​ပဲမကိုးကွယ်​ရင်​ဒုက္ခ​ရောက်​မဲ့ပုံစံမျိုးပါခင်​ဗျား

ကျွန်​​တော်​အ​ဒေါ်က ဘုရားစွယ်​​တော်​ပုံကိုဖုန်းနဲရိုက်​​တော့မရိုက်​ရဘူးတဲ့လိုချင်​ရင်​​အောက်​မှာဝယ်​ဆိုပီး သိမ်​အ​ပေါ်ထပ်​ကဘုန်းဘုန်းက​ပြောပါတယ်

အမှန်​တကယ်​က သိမ်​ထဲမှာ ဓာတ်​ပုံမရိုက်​ရဘူးဆိုတာ သူတို့​ရောင်းစားလို့ရ​အောင်​လို့ပါ ​ဈေးလည်းမတန်​တဆပါပဲခင်​ဗျား..တာဝန်​ရှိသူ​တွေအ​နေနဲလည်း တာဝန်​သိ​စေချင်​ပါတယ်​…

ကျွန်​​တော်​ရိုက်​လို့ရခဲ့တဲ့တစ်​ချို့ပုံ​တွေကြည့်​နိုင်​ပါတယ်​…

@ဇာမဏီ(မုနိ​မြေ)

LEAVE A REPLY

Please enter your comment!
Please enter your name here