ဟာသ သရုပ်ဆောင် လူရွှင်တော်လောကမှာတော့ မိုးဒီနဲ့ မော့စ် အတွဲကိုတော့ မသိတဲ့သူ မရှိလောက်ပါဘူး။ သူတို့နှစ်ယောက်ကတော့ လွန်ခဲ့တဲ့ ၂၀၀၀ ပြည့်နှစ်မတိုင်ခင်ကတည်းက အလုပ်တွဲလုပ်ခဲ့ကြတာ ဖြစ်ပြီး အရမ်းလည်း လိုက်ဖက်ညီကြပါတယ်။ ဒါပေမယ့်စိတ်မကောင်းစွာဖြင့် လူရွှင်တော် မော့စ်ကတော့ လောကကြီးထဲကနေ စောစီးစွာ ထွက်သွားခဲ့ပါတယ်။ လက်ရှိမှာတော့ မိုးဒီတယောက်ထဲ ကျန်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်မိုးဒီကတော့ သူ့အနေန့ မော့စ်လိုမျိုး ပြက်လုံးပြက်တဲ့အချိန်မှာ အတိုင်းအဖောက်ညီတဲ့ သူမရှိတော့ သူလည်း အငြိမ့်မကချင်တော့ဘူးလို့ ပြောကြားသွား ခဲ့ပါတယ်။

မော့စ် မရှိလို့ …အငြိမ့်မရိုက်တော့ဘူးဆိုတဲ့ မိုးဒီ 3

ဦးမိုးဒီ ကတော့ အကုန်သိနဲ့ အင်တာဗျူးတွင် ဦးမော့စ်နဲ့ ပတ်သက်ပြီး “အရမ်းသတိရတာ။ ဘယ်လောက် သတိရလည်းဆိုတော့ အခုချိန်မှာ အငြိမ့်အဖွဲ့တွေက တော်တော်များများလာမေးကြတယ် ကျွန်တော်အငြိမ့်မရိုက်တော့ဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်မောင်မော့စ်ကို သတိရလွန်းလို့ မရိုက်တော့တာ။ ကျွန်တော်နဲ့ သူနဲ့က ပါးစပ်ဟလိုက်ရင် တယောက်နဲ့ တယောက်ဘာလုပ်မလဲဆိုတာ သိတယ်။ တယောက်နဲ့ တယောက်ကလည်း မနာတော့ လုပ်ရတာ အရသာလည်းရှိတယ်။ ပြောလို့ကလည်း ကောင်းတယ်။ အဲ့လိုမျိုး လက်တွဲဖက်မရတော့ အခုချိန်မှာ အငြိမ့်ကို မရိုက်ဖြစ်ဘူး။ အဲ့လိုစိတ်တိုင်းကျ တွဲလို့ရတဲ့ လူရွှင်တော်မျိုးရရင်တော့ ရိုက်ချင်ပါသေးတယ်။ ဒါပေမယ့်များသောအားဖြင့် စဉ်းစားလိုက်ရင် မရိုက်ဖြစ်တော့ဘူးလို့ ပြောလိုက်တာက များတယ်

ဒီအသက်အရွယ်နဲ့ ကလေးကုလားတွေလည်း မလုပ်ချင်ဘူး။ နောက်ပြီးတော့ အညစ်အပတ်တွေလည်း မပြောချင်တော့ဘူး။ ကျွန်တော်တို့ ပြက်လုံးတော်တော်များများမှာ အညစ်အပတ်တွေ တော်တော်များများ ရှောင်ခဲ့တာ။ နောက်တခုက ကျွန်တော်တို့ ဆဲတာတွေ ရှိတယ်။ ဆဲတယ်ဆိုတာလည်း ရီအောင် ဆဲတတ်ဖို့ ဆိုတာ ပညာပါပဲ။ ဆဲတာကို ကြမ်းတယ်လို့ ပြောတာက ကြမ်းအောင်ဆဲလို့ ကြမ်းတာ။ ရီရအောင် ဆဲရင် မကြမ်းဘူး။ သူ့နေရာနဲ့သူပေါ့ဗျာ။ သုံးတတ်ရင် ပြက်လုံးမကြမ်းပါဘူး ဦးမော့စ်က ဘယ်လိုကြောင့် သေသွားတာလဲဆိုတဲ့ အပေါ်မှာတော့ “သူသောက်လို့လည်း သေတာပါ။ နောက်ပိုင်းမှာ မသောက်ပါနဲ့လို့ တားတဲ့အချိန်မှာ ဆရာဝန်စကား သူနားထောင်လိုက်ရင် မသေနိုင်လောက်ဘူးဗျာ။ ဒါပေမယ့်လည်း သူသောက်တယ်။ သူအရက်ကိုတော်တော်ကြိုက်တယ်ဗျာ။ ကျွန်တော်လည်း တားပါတယ်။ သူ့ကိုတော့ အပြစ်တင်လို့မရပါဘူး။ အရက်ကြိုက်တဲ့သူကျတော့လည်း ကြိုက်တယ်။ ကျွန်တော်တို့ကျတော့ လုံးဝကို မကြိုက်တာဗျာ။ အရက်သောက်တိုင်းလည်း ခံစားလို့မရဘူး

မော့စ် မရှိလို့ …အငြိမ့်မရိုက်တော့ဘူးဆိုတဲ့ မိုးဒီ 7

“ကျွန်တော်အနုပညာ သက်တမ်းတလျှောက် အားပေးလာတဲ့ ပရိသတ်ကြီးကို လေးစားပါတယ်။ ချစ်ပါတယ်။ ကျွန်တော်လည်း တတ်နိုင်သလောက် ကြိုးစားလာခဲ့တာပါ။ မှားတာရှိရင်လည်း တောင်းပန်ပါတယ်” ဟု ပြောကြားသွား ခဲ့ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here