” ဘ၀မှာ ရူးခါနေအောင် ချစ်တာဆိုလို့ မင်းပဲ ရှိတာပါ။ ရိုးမြေကျ ငါ့လက်လေးကို နင်ဆုပ်ကိုင်နိုင်ပါ့မလား။ ” ဆိုတဲ့ ရူးအောင်ချစ်ရသူ သီချင်းလေးကို နန်းစုကိုယ်တိုင် သီဆိုခဲ့တာဖြစ်ပြီး သူမရဲ့ ချစ်သူဖြစ်တဲ့ အဆိုတော် G-fatt ကရေးသားပေးထားတာဖြစ်ပါတယ်။လက်ရှိမှာ နှစ်ယောက်လုံးက ဂီတအနုပညာရပ်မှာ အတူတူ လျှောက်လှမ်းရင်း ရပ်တည်နေကြတာဖြစ်သလို တစ်ယောက်လိုအပ်ချက်ကိုတစ်ယောက် Support လုပ်ပေးရင်း ရပ်တည်နေတာလည်းဖြစ်ပါတယ်။

G-fatt နဲ့ လက်တြွဲပီး အနုပညာတွေ အတူတူ လုပ်ဆောင်ရတဲ့ချိန်မှာ သီချင်းတွေကို ပိုခလံစားတတ်လာသလို သီချင်းတွေကို ပိုချစ်တတ်လာတယ်လို့ နန်းစုက ဆိုထားသလို G-fatt ကလည်း နန်းစုကြောင့် ကိုယ့်ကိုကိုယ် ဂရုတစိုက်နေဖြစ်လာသလို မစားတတ်တဲ့ အစားအသောက်လေးတွေကအ စားတတ်လာကြောင်း ဆိုထားပါတယ်။ လတ်တလောမှာ သူတို့ အချစ်ရေးက တော့ ခိုင်မြဲနေဆဲ ဖြစ်သလို နှစ်ယောက်ပေါင်းလို့ အတူ အနုပညာအလုပ်တွေလုပ်ဆောင်နေတဲ့ G-fatt နဲ့ နန်းစုတို့ကတော့ သီချင်းသစ်တစ်ပုဒ်လေးကို အတူပူးပေါင်းတင်ဆက်လိုက်ပြန်ပါပြီ။

သီချင်း နာမည်ကတော့ ကမ်းမဲ့လှေ ဖြစ်ပြီး ဒီသီချင်းလေးကိုတော့ G-fatt က ရေးစပ်ပေးထားတာပါ။ သီချင်းထဲမှာ နန်းစုကိုယ်တိုင် သရုပ်ဆောင်ထားပြီး အသည်းကွဲသီချင်းတစ်ပုဒ်ဖြစ်တဲ့ ဒီသီချင်းလေးရဲ့ အဓိပ္ပာယ်ကတော့ ” ကိုယ်ဘယ်လောက်ပဲ ပေးဆပ်ပြီးချစ်ခဲ့၊ ချစ်ခဲ့ အဲ့ပေးဆပ်မှုတွေကို သူတန်ဖိုးမထားတက်တဲ့အခါ သေချာတာ လမ်းခွဲကြရုံပေါ့။ဒီလိုနဲ့ သူဟာ ကိုယ့်ကမ်းဆီ ဘယ်တော့မှ ပြန် ကပ်ခွင့်ပြုတော့မှာ မဟုတ်တဲ့ ကမ်းမဲ့လှေ တစ်စင်းပါပဲ” လို့ ရည်ညွန်းစပ်ဆိုထားတာဖြစ်ပါတယ်။ ချစ်သူနဲ့ လမ်းခြွဲ့ပီး အသည်းကွနြေသူတွေ အဖို့ ဒီသီချင်းလေးကို ခံစားရစေမှာ ဖြစ်သလို  ပရိသတ်ကြီးအတွက် Video လေးနဲ့ တကွ ဖော်ပြပေးလိုက်ရပါတယ်နော်။

LEAVE A REPLY

Please enter your comment!
Please enter your name here