ရိန်မိုးကတော့ ပရိသတ်အားပေးမူကိုပိုင်ဆိုင်ထားတဲ့ အောင်မြင်တဲ့အဆိုတော်တွေထဲ့က တစ်ယောက်အပါအ၀င်ဖြစ်ပါတယ် ။နေတိုးရဲ့သီချင်းတော်တော်များကိုရေးပေးနေတဲ့တေးရေးဆရာတစ်ယောက်လိုလည်းဆိုနိုင်ပါတယ်။နေတိုးနဲ့က တစ်ယောက်နဲ့တစ်ယောက် ညီအကိုအရင်းတွေလို တန်ဖိုးထားကြတယ်ဆိုတဲ့အကြောင်းကို မီဒီယာတွေနဲ့တွေကဆုံစဉ်ဖြေကြားခဲ့တာဖြစ်ပါတယ်။

သူလည်းသူအလုပ်နဲ့သူ ကိုလည်းကိုယ့်အလုပ်နဲ့ကိုဆိုတော့ မတွေဖြစ်တာကြာပြီ။ ဒါပေမယ့် ကျွန်တော်တို့နှစ်ယောက်က ဘယ်လိုမှခွဲခြားလို့မရတဲ့ညီအကိုအရင်းတွေလိုပါပဲ။တစ်ယောက်နဲ့တစ်ယောက်တန်ဖိုးထားကြတယ်။ နေတိုးနဲ့အတူဆိုထားတဲ့သီချင်းတွေအများကြီးရှိပါသေးတယ်။ မထုတ်ဖြစ်သေးတာတွေလည်းရှိတယ် ထုတ်ဖြစ်မလားမထုတ်ဖြစ်မလားတော့မသိဟူး“လို့ပြောပြထားပြီးတော့

နေတိုးရဲ့အောင်မြင်အောင်ကြိုးစားမှုတွေအပေါ်မှာလည်း“တအားကြိုးစားတယ်။လေ့လာတယ်။ပြီးတော့ ပါရမီဓာတ်ခံကလည်းကောင်းတဲ့အတွက် အောင်မြင်တဲ့ အနုပညာသမားတစ်ယောက်ဖြစ်နေတာပါလို့ပြောပြထားပါတယ်။ သူလိုအပ်နေတဲ့အချိန်မျာကိုယ်ကတော့ ခံဘက်ကလို့ နေတိုးရဲ့အနိုင်ကျင့်မှု ချစ်ရာအမူအရာလေးကိုလည်းပြောပြထားပါသေးတယ်။ ပရိသတ်ရဲ့မြေတောင်မြှောက်ပေးမှုမရှိဘူးဆိုရင် ကျွန်တော်အတွက်တော့အလကားပဲ ပြီးတော့ခုလိုလာရောက်ဝန်းရံပေးတဲ့စာနယ်ဇင်းအဖွဲသားတွေကိုလည်းကျေးဇူးတင်ပါတယ်လို့ မှတ်ချက်ပေးသွားတာဖြစ်ပါတယ်။ ပရိတ်သတ်ကြီးရော နေတိုးနဲ့ညီအကိုလိုနေတဲ့ ရိန်မိုးကိုအားပေးကြမယ်မဟုတ်လားမှတ်ချက်လေးရေးပေးခဲ့ပါဦး။

LEAVE A REPLY

Please enter your comment!
Please enter your name here