ခြူးလေးကတော့ထာဝရမန္တလေး၊လူရည်ချွန် စတဲ့mrtv-4ရုပ်သံဇာတ်လမ်းတွဲများကတဆင့် အနုပညာလောကထဲထိုးဖေါက်လာသောချစ်စရာ အမူအရာနဲ့သရုပ်ဆောင်ကောင်းတဲ့ရခိုင်တိုင်းရင်းသူလေးပဲ ဖြစ်ပါတယ်။မာန်မာနကင်းပြီး ချစ်စဖွယ်မျက်နှာလေးနဲ့ချိုသာတဲ့စကားလေးတွေအပြင်အေးချမ်းတဲ့မျက်နှာလေးက ပရိသတ် ရင်ထဲကို စွဲနေစေခဲ့တာပဲဖြစ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့်စိတ်ဓာတ်ကျ ပြီးအဆုံးစီရင် ဖို့ကြိုးစားခဲ့တာကြောင့်လည်း သူမရဲ့အမာခံပရိသတ်တွေအတွက် စိုးရိမ်စရာအခြေအနေဖြစ်ခဲ့ပေမယ့် လက်ရှိမှာတော့ ခြူးလေးဟာ အားမာန်အပြည့်နဲ့ အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေပြီဖြစ်ပါတယ်။

လတ်တလောမှာတော့ နေတိုးအပေါ်သူ့ရဲ့အမြင်ကိုပြောပြခဲ့ပါတယ်။ အရမ်းကိုအထင်ကြီးလေးစားအားကျရတဲ့ အနုပညာရှင်စီနီယာတစ်ယောက်ဖြစ်ပြီး မှော်ရထားသလိုမျိုးပဲ ဘက်စုံထူးချွန်နေတဲ့ နေတိုးကို အရမ်းတော်ကြောင်းတင်စားပြောပြခဲ့ပါတယ်။အဆိုပိုင်းဆိုရင်လည်း အဆိုတော်တွေကြားထဲမှာလည်းထိပ်ဆုံးဖြစ်သွားပြန်ပြီး မိုက်ကယ်ဂျက်ဆင်တို့ အသံတုလုပ်တာတွေ၊ ဟာသတွေဆိုလည်းအရမ်းတော်တဲ့အပြင်မမတာဆိုတဲ့ ကာရိုက်တာကိုလည်း မမတာကိုယ်တိုင်ဖြစ်သွားသလို မျိုး အားနည်းချက်ဆိုတာမရှိသလောက်မို့ အရမ်းသဘောကျလေးစားရတယ်လို့ပြောပြခဲ့ပါတယ်။ခြူးလေးက နေတိုး ၊မြင့်မြတ် ၊ မကြီးစိုး ၊ မသက်မွန်တို့ ရဲ့ အမာခံပရိသတ်ပါတဲ့နော်။

LEAVE A REPLY

Please enter your comment!
Please enter your name here