လတ်တလောမှာတော့ ရုပ်ရှင်ချစ် ပရိသတ်တွေ အတွက် တကယ်ကို ခံစားလို့အောင်မဲ့ အဖေ နဲ့သား တို့ရဲ့ မေတ္တာဘွဲ့ကို ဖော်ညွန်းထားတဲ့ ကျောမှာ ဂဠန် ရင်မှာ နဂါး ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ညွန်းပေးချင်သလို ဒရမ်မာဇာတ်အမျိုးအစားဖြစ်တဲ့ ဒီရုပ်ရှင်ကားကြီးကို မျက်ရည်မိုးတွေ ဖြိုင်ဖြိုင်ကျရလောက်အောင် ခံစားရစေမှာဖြစ်ပါတယ်။

စွန့်ပစ်သွားတယ်လို့ အထင်လွဲနေတဲ့ သား နဲ့ ဘယ်လောက်ဆိုးဆိုး မေတ္တာ မပျက်နိုင်တဲ့ အဖေ တို့ နှစ်ယောက်ကြားက သွေးစကားပြောလာတဲ့ အချိန်မှာ မိဘ မေတ္တာ ဘယ်လောက်ကြီးကျယ်ခမ်းနားကြောင်း အကျယ်တ၀င့်ခံစားရစေမှာ ဖြစ်ပါတယ်။ ပရိသတ်ချစ်တဲ့ အနုပညာရှင် မင်းသားချော အကယ်ဒမီ မြင့်မြတ် က ပြည့်ကျော်ဆိုတဲ့ အဓိက ဇာတ်ကောင် နေရာက ပါဝင်ပြီး ဒီရုပ်ရှင်ဇာတ်လမ်းရဲ့ နောက်ထပ် အဓိက ဇာတ်ကောင် ပြည့်ကျော်ရဲ့ အဖေအဖြစ် ကျော်သူ ဖြစ်တာမို့ တကယ့်ကို အရည်အချင်းရှိတဲ့ မင်းသားနှစ်ယောက်ရဲ့ သရုပ်ဆောင်စွမ်းရည်နဲ့ ဇာတ်သိမ်းထိ ဘယ်လိုဆွဲဆောင်သွားနိုင်မလဲဆိုတာကလည်း စိတ်ဝင်စားစရာပါပဲနော်။

ဒီဇာတ်ကားကို ခါတိုင်းနဲက မတူတဲ့ အတွေ့အကြုံ နဲ့ ရိုက်ကူးထားရတာကတော့ သချိုင်းမြေမှာ နေထိုင်တဲ့ ပြည့်ကျော်ဆိုတဲ့ ကြမ်းကြမ်းတမ်းတမ်း လူဆိုးတစ်ယောက် အနေနဲ့ သရုပ်ဆောင်ရတဲ့ ရိုက်ကူးအတွေ့အကြုံတွေနဲ့ ပတ်သက်လို့ “ရိုက်တာတော့ တော်တော်ဆိုးဆိုးပဲ။ ရိုက်ရင်းရိုက်ရင်း နဲ့ သချိုင်းက ကျွန်တော့ အိမ်လိုတောင် ဖြစ်လာတယ်။ ဦးကျော်သူနဲ့ ဒီကားမှာ ပထမဆုံးဆုံဖူးတာပါ။ ၀ိညာဉ်စိမ်းမှာလည်း ဆုံဖူးပါတယ်။ ဒီကားကတော့ ရိုက်ဖူးတဲ့ ဒရမ်မာတွေထဲမှာ ပျစ်ပျစ်နှစ်နှစ်ပါပဲ” လို့ မြင့်မြတ် က ဆိုလာတာမို့ တကယ်ကို စိတ်ဝင်စားစရာကောင်းတဲ့ ကျောမှာ ဂဠန် ရင်မှာ နဂါး ရုပ်ရှင်ဇာတ်ကားကြီးအကြောင်းကို ဖော်ပြပေးလိုက်ရပါတယ်နော်။

LEAVE A REPLY

Please enter your comment!
Please enter your name here