အိမ်ထောင်မပြုရသေးတာနဲ့ ပတ်သက်ပြီး ဂဂနန သေချာအောင် ရှင်းပြခဲ့တဲ့ ပိုပို

အသက်အရွယ်ငယ်သေးပေမယ့် စီးပွားရေးလုပ်ငန်းဘက်တွေမှာပါ အောင်မြင်အောင် ကြိုးစားနေတဲ့ အဆိုတော်သရုပ်ဆောင်ပိုပိုဟာ ဆန်းသစ်သောသီချင်းများနဲ့ လူငယ်တွေရဲ့နှလုံးသားကိုသိမ်းပိုက်ခဲ့တာပါ..။ “ဘာမှမလိုဘူး”၊ “ချစ်ခဲ့ဖူးသမျှ”၊ မေ့နေပြီလား” စတဲ့သူမရဲ့သီချင်းကောင်းလေးတွေဟာဆိုရင် အချိန်တိုင်းနားထဲမှာကြားယောင်နေတာပါနော်…။ အဆိုဝါသနာပါသလို၊ သရုပ်ဆောင်လည်းဝါသနာပါတာမလို့ သူမရဲ့ သီချင်းဗီဒီယိုတွေမှာ သူမကိုယ်တိုင်ပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်ပြီး ဇာတ်ရုပ်ပိုင်နိုင်တာကိုမြင်တွေ့ခဲ့ရမှာပါ…။

သူမရဲ့ချစ်သူလေးကို Instagram မှာအလင်းပြခဲ့ပြီး တတိုင်းပြည်လုံးရှိပရိသတ်တို့က သူမတို့နှစ်ယောက်ရဲ့အခြေအနေကို အရိပ်တကြည့်ကြည့်နဲ့ စောင့်ကြည့်နေပြီး ဆက်လက်အားပေးကြ နေတာပါ..။ ပိုပိုက အလုပ်ကြိုးစားသူပီပီ သိန်းပေါင်းထောင်ချီတဲ့ ကိုယ်ပိုင် Home studio အကြီးစားကို ပုံဖော်ဆောက်လုပ်ဖန်တီးနေတာဖြစ်ပါတယ်..။ ပရိသတ်တွေလည်း သီချင်းကောင်းတွေနားသောတဆင်နိုင်အောင် သီချင်းအသစ်တွေ၊ ကိုယ်ပိုင် brandတွေကို စလုပ်နေတယ်လို့သိရှိရပါတယ်…။ စီးပွားရေးဘက်မှာကော၊ အနုပညာဘက်မှာကော အောင်မြင်နေတဲ့သူမဟာ ပရိသတ်တွေအပေါ်ဆက်ဆံရမှာလည်း မာနမထားဘဲ လိမ္မာပါးနပ်စွာ ပြောဆိုဆက်ဆံတက်ပုံက သူမရဲ့ ဆွဲဆောင်မှုတစ်ခုပင်ဖြစ်နေပါတယ်..။

ပိုပိုက ပရိသတ်ကြီးနဲ့အဆက်အသွယ်မပြတ်ရအောင် social media များတွင်လည်း တွင်ကျယ်နှံ့စပ်သူတစ်ယောက်ဖြစ်အောင် facebook ကွန်ယက်နဲ့၊ Instagram ကွန်ယက်တို့က အချိန်နှင့်အားလျော်စွာ မျှတပြီးအသုံးပြုသူတစ်ယောက်ပါ..။ fan တွေရဲ့ အားပေးမှုတွေများလွန်းတာကြောင့် official facebook acc နှင့် facebook page နှစ်ခုလုံးမှာသူမရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုတွေနဲ့ နေ့စဉ်လှုပ်ရှားမှုအမျိုးမျိုးကို အစဉ်အမြဲဖော်ပြပေးနေတာပါ…။ အိမ်ထောင်မပြုရသေးတဲ့အကြောင်းနဲ့ပတ်သတ်ကြီးကိုလည်း အလှပုံရိပ်လေးတွေနဲ့အတူ “ဪ တစ်ချို့ သူငယ်ချင်းတွေများအိမ်ထောင်ကျပြီးလို့ သူ့ချစ်ချစ်အတွက် ဘယ်လိုလှအောင်နေရမလဲ လာမေးနေကြပြီ ပို တို့ကတော့ လှမြဲလှဆဲ အဲ့ကြောင့် အိမ်ထောင်မပြုသေးတာ ကိုယ့်ဘာသာ အလှမပြင်လဲ အိမ်မှာအေးဆေးပဲ ဘယ်သူကိုမှ ဂရုမစိုက်တာ အလှပြင်လဲ ကိုယ့်အတွက်ပဲ ကောင်လေးတွေ ဝိုင်းကြည့်ရင်တော့ ကြည့်ပါစေလေ ရူပဒါနပေါ့ကွယ်…” ဆိုပြီး သေချာစွာ ရှင်းပြထားတာပါ..။ ပရိသတ်တွေအပေါ် အခုလိုဂရုတစိုက်နဲ့ အလေးထားဖော်ပြတက်တဲ့ အဆိုတော်သရုပ်ဆောင်ပိုပိုကို ဆက်လက်အားပေးရင်း ပိုပို အိမ်ထောင်မပြုသေးတာနဲ့ ပတ်သက်ပြီး ကိုယ်စီခံစားချက်လေးတွေ ရေးပေးသွားပါဦးနော်

Leave a Reply

Your email address will not be published. Required fields are marked *

Show Buttons
Hide Buttons