ရုပ်ရှင်သရုပ်ဆောင် ပရဟိတသမား “ခိုင်နှင်းဝေ” က အလုပ်တွေများပြီး ပင်ပန်းနေတဲ့ကြားကနေ ဘန်ကောက်မြို့က ဘုရားထီးတင်ပွဲ သွားနိုင်ဖို့ အားဆေးသွင်းပြီး အားတင်းထားကြောင်း Facebook ပေါ်ကနေ ပရိသတ်တွေကို အသိပေးထားပါတယ်

.ကလေးတို့မေမေ အားတွေမွေးထားသော်ငြား စိတ်က ဘယ်လောက် မာမာ အသွေးအသားနဲ့ တည်ဆောက်ထားတဲ့ ဒီခန္တာကိုယ်ကြီးကတော့ အားနည်းလာပြီလေ

ကဲ ဘယ်တက်နိုင်ဦးပါ့မလဲ ဒီမနက် ဘန်ကောက်မှာဘုရားထီးတင်ပွဲကို သွားနိုင်ဖို့ ညက တိုက်ပွဲကျ ဆေး4လုံးထိုး အီစလံဝေပြီး အခု လေဆိပ်မှာ အလုပ်တွေ လုပ်ဖို့ အားတင်းထားနေလေရဲ့

ဆရာဝန် ကတော့မှာလိုက်ပါတယ် ဆေးစာကိုင်ပြီး တခုခုဆို ပေပြီးမနေနဲ့ ဟိုမှာ လည်း သွားပြတဲ့ ကဲ ကလေးတို့မေမေ ဒေါ်ခိုင်နှင်းဝေတယောက် ကိုယ့်ကိုကိုယ် အားတင်းရင်းသာ ….ခနနေ ခရီး သွားပုံလေးတွေ တင်ပေးမည် မျှော်..မမခိုင်အတွက် အားပေးစကား ပြောသွားပေးပါဦး

LEAVE A REPLY

Please enter your comment!
Please enter your name here