လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေ များစွာကတည်းက ပြည်သူ့အချစ်တော် မင်းသမီးအဖြစ် သတ်မှတ်ထားတဲ့ အကယ်ဒမီများရှင် ထွန်းအိန္ဒြာဗိုလ်ကတော့ သူ့အနေနဲ့ သင်္ကြန်ပေါ်မှာ မြင်တဲ့ အမြင်တွေကို ပြောကြားသွားခဲ့ပါတယ်။ သူကတော့ သင်္ကြန်တိုင်းမှာ အမှတ်တရတွေ အများကြီးရှိသော်လည်းယခုနောက်ပိုင်းမှာ သင်္ကြန်ဆိုရင် ရေတွေဖြုန်းတီးတာကိုတော့ သဘောမကျဘူးလို့ ပြောကြားလာခဲ့ပါတယ်။

ထွန်းအိန္ဒြာဗိုလ်ကတော့ we နဲ့ အင်တာဗျူးတွင် သင်္ကြန်အမှတ်တရနဲ့ ပတ်သက်ပြီး “သင်္ကြန်ဆိုရင်ကို ကလေးအရွယ်ကတည်းက ရင်ခုန်ခဲ့ပါတယ်။ ရင်ခုန်ခဲ့ရတယ် အချိန်တွေကိုလည်း အများကြီး ဖြတ်သန်းခဲ့ပြီးပါပြီ။ ဒီအသက်ဒီအရွယ်ကတော့ ရင်ခုန်ရတော့မယ့် အရွယ်လည်း မဟုတ်တော့ပါဘူး။ သင်္ကြန်ကိုပြန်ပြီးတော့ သုံးသပ်ရရင်တော့ ရေတွေဖြုန်းတီးတာကို နှမြောတယ်။ အရင်တုန်းကလိုပဲ သပြေခက်လေးနဲ့ ပက်တာကတော့ ကောင်းတာပေါ့။ အခုကျတော့ ပုံးတွေနဲ့ ပက်တာတို့ ပိုက်တွေနဲ့ ပက်တာတို့ လုပ်ကြတော့ ရေတွေက အများကြီး ဖြုန်းသလိုမျိုး ဖြစ်သွားတာပေါ့”

“ရေကိုအဲ့လိုမျိုး အလာသဟ လုပ်တာကတော့ ကျမလည်း မကြိုက်ပါဘူး။ သင်္ကြန်က နောက်ပိုင်းတွေမှာ တအားကြမ်းတမ်းပြီး အန္တရာယ်များတဲ့ သင်္ကြန်တွေကြလာတဲ့ အချိန်မှာတော့ လမ်းလျှောက်သင်္ကြန်ဆိုတာ မြို့တိုင်းမြို့တိုင်းမှာ ယဉ်ကျေးတဲ့သင်္ကြန်အဖြစ် လူတန်းစားပေါင်းစုံ ပါဝင်လာတဲ့ သင်္ကြန်လို့လည်းမြင်ပါတယ်”

သင်္ကြန်မိုး ဇာတ်ကားက လူတိုင်းရင်ထဲမှာ ရှိနေသေးတဲ့ အပေါ်မှာတော့ “ပရိသတ်ကို ပုံဖော်ကြူးနိုင်တဲ့ ကားတကားဖြစ်တာကြောင့် ဒီနေ့အထိ သင်္ကြန်ဆိုရင် အမြဲရေပန်းစားနေတဲ့ ဇာတ်ကားလေး ဖြစ်ပါတယ်။ အနှစ်သာရရှိတဲ့ကားကို ရိုက်မယ်ဆိုရင်တော့ ဘယ်သူ့ကို မဆို ကြိုဆိုပါတယ်” ဟု ပြောကြားသွား ခဲ့ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here