သူချစ်ရတဲ့ မိသားစုတွေနဲ့ချစ်ပရိတ်သတ်တွေကို အပြီးတိုင်နှုတ်ဆက်ထွက်ခွါသွားပြီဖြစ်တဲ့ ရုပ်ရှင်လောကရဲ့ဝါရင့် သရုပ်ဆောင် ဦးခိုင်တင်

ပရိသတ်ကြီးရေ ဆယ်စုနှစ်နှစ်ခုကျော်တိုင်အောင် ကျရာဇာတ်ရုပ်တိုင်းကို ပီပြင်စွာနဲ့ သရုပ်ဆောင်နိုင်ခဲ့တဲ့ ရုပ်ရှင်နဲ့ ဗီဒီယို ဇာတ်ပို့ဇာတ်ရံသရုပ်ဆောင် ပန်ချီးဦးခိုင်တင်ကတော့ မနေ့က ဇူလိုင်လ (၃၀)ရက်နေ့မှာ ဘဝတစ်ပါးကို ပြောင်းရွှေ့ကွယ်လွန်သွားခဲ့ပါတယ်။ ဦးခိုင်တင်ကတော့ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ဝါရင့် ဇာတ်ပို့သရုပ်ဆောင် တစ်ယောက်ပါ။

မနေ့က ဇူလိုင်လ (၃၀)ရက်နေ့မှာတော့ ဦးခိုင်တင်က သူချစ်ရတဲ့ မိသားစုတွေ ပရိသတ်တွေကို အပြီတိုင်နှုတ်ဆက်ခွဲခွာခဲ့ရပါတယ်။ အခုလို ရုပ်ရှင်လောကရဲ့ ဝါရင့်သရုပ်ဆောင်ကြီးတစ်ယောက်ဖြစ်တဲ့ ဦးခိုင်တင် ကွယ်လွန်သွားခဲ့တာကြောင့် အနုပညာအသိုင်းဝိုင်းက လုပ်ဖော်ကိုင်ဖက်တွေအားလုံးကလည်း စိတ်မကောင်းဖြစ်နေခဲ့သလို ပရိသတ်တွေကလည်း မိသားစုနဲ့ ထပ်တူ ဝမ်းနည်းကြေကွဲကြရမှာတော့ အမှန်ပါပဲ။

ဦးခိုင်တင်တစ်ယောက် ကောင်းရာသုဂတိလားပါစေလို့ ကနေ လည်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ ပရိသတ်ကြီးတွေကိုလည်း ဦးခိုင်တင်ကွယ်လွန်သွားတဲ့သတင်းလေးကို ကနေ စိတ်မကောင်းစွာနဲ့ပဲမျှဝေဖော်ပြပေးလိုက်ပါတယ်။

Celebrity Platforms
Source – Cynthia Kyaw