ယနေ့တိုင်အောင် ပျိုမျစ်နုပျိုလှပနေဆဲဖြစ်တဲ့ မင်းသမီးတွေထဲမှာတော့ ဝါရင့်သရုပ်ဆောင် ခင်ဇာခြည်ကျော်လည်း အပါအဝင် ဖြစ်ပါတယ်။ကျစ်လျစ်လှပတဲ့ Body လေးကို ပုံမပျက်ဘဲထိန်းသိမ်းထားနိုင်တဲ့ ခင်ဇာခြည်ကျော်က အပျိုတွေရှုံးလောက်အောင် လှလွန်းသူလည်း ဖြစ်ပါတယ်။ ကလေးနှစ်ယောက်ရဲ့မိခင်ဖြစ်တဲ့ ခင်ဇာခြည်ကျော်က သားနဲ့သမီးအပေါ်မှာလည်း ဝတ္တရားကျေပွန်စွာ ထိန်းသိမ်းစောင့်ရှောက်ပေးနေတဲ့ မိခင်ကောင်းတစ်ယောက်ပဲ ဖြစ်ပါတယ် ။

ခင်ဇာခြည်ကျော်ရဲ့ သားဘုန်းမင်းနေလနဲ့ သမီး ထင်သစ္စာလေးတို့ကလည်း အမေတူအချောလေးတွေဖြစ်တာကြောင့် ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို ရယူပိုင်ဆိုင်ထားပါတယ်။ အခုဆိုရင် ခင်ဇာခြည်ကျော်က လူပျိုပေါက်အရွယ်ရောက်ပြီဖြစ်တဲ့ သားလေး ဘုန်းမင်းနေလကို ပွဲထုတ်လိုက်ပြီပဲ ဖြစ်ပါတယ်။ အခုလည်း ခင်ဇာခြည်ကျော်က ချစ်ရတဲ့သားလေးနဲ့အတူ ပွဲအခမ်းအနားတစ်ခုကို တက်ရောက်လာခဲ့ပါတယ်။

ခင်ဇာခြည်ကျော်က ”POSH RUNWAY 2019 ပွဲ ကို သားမိနှစ်ယောက် သွားတော့ မယ်” ဆိုပြီး ပုံလေးတွေကို တင်ထားပါတယ်။ အနက်ရောင်ဖက်ရှင် ဆင်တူနဲ့ အပြတ်လန်းနေတဲ့ ခင်ဇာခြည်ကျော်တို့သားအမိနှစ်ယောက်ကတော့ အရမ်းကို ကြည်နူးစရာကောင်းနေတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ခင်ဇာခြည်ကျော်တို့သားအမိရဲ့ ပုံလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

LEAVE A REPLY

Please enter your comment!
Please enter your name here