တစ်ချိန်က ချောမောလှတဲ့ အလှအပ ဂုဏ်သတင်းနဲ့ မြန်မာနိုင်ငံရဲ့အနုပညာလောကမှာ ထိတ်ထိတ်ကြဲ အောင်မြင်ခဲ့တဲ့ မင်းသမီးတစ်ဦးဖြစ်တဲ့ နန္ဒာလှိုင်ကတော့ အခုဆိုရင် အနုပညာအလုပ်တွေကို ရပ်နားပြီး သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို အကောင်းဆုံးဖြစ်အောင် ဖန်တီးပုံဖော်နေတာပါ။ စိတ်တူကိုယ်တူ ခင်ပွန်းကိုလည်း ပိုင်ဆိုင်ထားတဲ့ နန္ဒာလှိုင်ကတော့ အလှူတွေ မကြာခဏလုပ်လေ့ရှိပြီ

ပရိသတ်တွေကို ကြည်နူးမှုတွေ ကူးစက်စေသူပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ နန္ဒာလှိုင်က မနက်ဖြန် မေလ ၁၇ရက်နေ့မှာ ကျရောက်မယ့် သမီးကြီး ဇေဝတီလှိုင်ရဲ့မွေးနေ့အတွက် မွန်ပြည်နယ်မှာ အလှူအကြီးအကျယ်လုပ်သွားမယ့်အကြောင်း လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။

ချစ်ပရိသတ်တွေအတွက် သမီးကြီး ဇေဝတီလှိုင်ရဲ့ ၁၀နှစ်ပြည့် မွေးနေ့လေးမှာ ကြီးကျယ်ခမ်းနားတဲ့ အလှူမင်္ဂလာပွဲကြီး လုပ်သွားမယ်ဆိုတဲ့ နန္ဒာလှိုင်တို့ မိသားစုရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။ဇေကမ္ဘာမိသားစုကတော့ “(၁၇.၅.၂၀၁၉)ရက်နေ့တွင် ကျရောက်သော ဦးဇေသီဟ၊ ဒေါ်နန္ဒာလှိုင်တို့၏ သမီးကြီး မဇေဝတီလှိုင်၏ မွေးနေ့အလှူဒါနအဖြစ် (၁၈.၅.၂၀၁၉)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် မွန်ပြည်နယ်၊

ဘီးလင်းမြို့နယ်၊မုသင်ကျေးရွာအုပ်စု၊ ၀ိုင်းပတ်ကျေးရွာရှိ သက္ကထူပ(ခ)သိကြားဘုရားစေတီတော်မြတ်ကြီး ရတနာစိန်ဖူးတော်၊ ရတနာငှက်မြတ်နားတော်၊ မကိုဋ့်ရွှေထီးတော်ဆက်ကပ်ခြင်းနှင့်လုံးတော်ပြည့်စတီးရွှေသင်္ကန်းကပ်လှူပူဇော်ခြင်း မင်္ဂလာအခမ်းအနားနှင့် မွန်ပြည်နယ် ၊ ဘီးလင်းမြို့နယ် ၊ ဇုတ်သုတ်စံပြကျေးရွာရှိ ဆံတော်ကြို တပ်တော်ဦး အောင်စေတီတော်မြတ်ကြီး ရတနာစိန်ဖူးတော် ၊

ရတနာငှက်မြတ်နားတော်၊ မကိုဋ့်ရွှေထီးတော်ဆက်ကပ်ခြင်း မင်္ဂလာအခမ်းအနားများကို ခြိမ့်ခြိမ့်သဲကျင်းပပြုလုပ်မည်ဖြစ်ပါ၍ သာဓုအနုမောဒနာခေါ်ဆိုနိုင်ပါရန်ဖိတ်ကြားအပ်ပါသည်။” ဆိုပြီး သမီးလေး ဇေဝတီလှိုင်ရဲ့မွေးနေ့မှာ ပြုလုပ်ကျင်းပမယ့် အလှူအကြောင်းကို လူမှုကွန်ယက်ပေါ်မှာ ဝေမျှပေးထားတာပါ။

လာမယ့် ၁၇ရက်နေ့နဲ့ ၁၈ ရက်နေ့တွေမှာတော့ ထီးတော်တင်လှူပူဇော်ပွဲအထိမ်းအမှတ်အနေနဲ့ နိုင်ငံကျော် အနုပညာရှင်တွေဖြစ်ကြတဲ့ မြန်မာပြည်သိန်းတန်၊ မေခလာ၊ သွန်း၊ စိမ့်နေခြည်၊ မေဆူးနိုင်းနဲ့ အာကာဘိုတို့က ဖျော်ဖြေတင်ဆက်မှုတွေ ပြုလုပ်သွားမယ်လို့လည်း သိရပါတယ်

 

တကယ့်ကို ကြီးကျယ်ခမ်းနားတဲ့ အလှူမင်္ဂလာပွဲကြီးမို့ သမီးလေး ဇေဝတီလှိုင်ရဲ့မွေးနေ့အလှူကို ပရိသတ်တွေကလည်း ဝမ်းမြောက်ပီတိဖြစ်နေကြတာပါ။သရုပ်ဆောင် နန္ဒာလှိုင်ကတော့ အနုပညာအလုပ်တွေမလုပ်တော့တာ နှစ်ပေါင်းကြာနေပြီဆိုပေမယ့်လည်း သူမရဲ့အကြောင်းကို ပရိသတ်တွေက စိတ်ဝင်တစားရှိပြီ သူမကို ချစ်နေကြဆဲပဲ ဖြစ်ပါတယ်။

မကြာခဏဆိုသလို သမီးလေးတွေရဲ့လှုပ်ရှားမှုလေးတွေကို ပရိသတ်တွေအတွက် ဝေမျှပေးလေ့ရှိတဲ့ မေမေနန္ဒာလှိုင်ကတော့ သမီးလေးတွေကိုလည်း အရမ်းချစ်တာ တွေ့ရပါတယ်။ချစ်ပရိသတ်တွေလည်း အလှူရေစက် လက်နဲ့မကွာတဲ့ နန္ဒာလှိုင်တို့ မိသားစုလေးကို သဘောကျရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

LEAVE A REPLY

Please enter your comment!
Please enter your name here