ငှက်ပျောကြော်ကတော့ ပရိသတ်တွေအားလုံးချစ်ကြတဲ့ သရဲလေးကောင်အဖွဲ့ဝင် ဟာသ သရုပ်ဆောင် လူရွှင်တော် တစ်ယောက်ပဲဖြစ်ပါတယ် ။ ဟာသ ကားတွေရိုက်ကူးပြီး ပရိသတ်ကိုအမြဲတမ်းရယ်မောပျော်ရွှင်စေတဲ့ ဦးငှက်ရဲ့အချစ်ရေးကို ပရိသတ်တွေအားလုံးလည်း သိချင်နေကြမယ်ထင်ပါတယ် ။ လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်က ဇာတ်ညွှန်းရေးတဲ့ သူငယ်ချင်းတစ်ယောက်နဲ့ ပတ်သက်ပြီး မနေခြည် ဇာတ်ညွှန်းသင်တဲ့ကာလတစ်ခုမှာ ဦးငှက်နဲ့ဆုံစည်းခဲ့ကြတယ်လို့ သိရပါတယ် ။ အသက်က ၁၅ နှစ်တိတိကွာပြီး မနေခြည် အသက် ၂၀ ဦးငှက် အသက် ၃၅ နှစ်မှာ အိမ်ထောင်ပြုခဲ့ကြတာပဲဖြစ်ပါတယ် ။

ဦးငှက် ဇနီးက ဦးငှက်ကို သိပ်အဖွဲ့အနွဲ့တွေ ရိုတာတွေ မလုပ်ဖူးနော်လို့ အမြဲပြောတာခံရတယ်လို့ ဦးငှက်ကပြောပြခဲ့ပါတယ် ။ စတွေ့ကာစကတော့ ဇနီးဖြစ်သူကိုတော်တော်သည်းသည်းလှုပ်ခဲ့ပြီး တစ်နေ့တစ်နေ့ ပြောစရာစကားက ကုန်ကိုမကုန်ဘူး စတွေ့တုန်းက သဲသဲလှုပ်ချစ်တာ ကိုသားကြီးမိန်းမ မမိုးတောင် ကြည့်ပြီး ၀မ်းသာတယ်လို့ပြောဖူးတာ ခုထိ မမေ့ဘူးလို့ ဇနီးဖြစ်သူနေခြည်က ဆိုပါတယ် ။ အိမ်ထောင်တွေ ဘာတွေကျပြီး ကလေးရတဲ့အချိန်မှာတော့ အဲ့လိုတွေလည်းမပြောဖြစ်တော့ သလို အဲဒီတုန်းက မမိုးက ဦးငှက်တို့ကတော့ ပြောစရာစကားတွေများလိုက်တာ မမိုးနဲ့ကိုသားကြီးမှာ အဲ့လို ပြောစရာစကားတွေမရှိတော့ဘူး လို့ပြောပြဖူးတာကိုအမှတ်ရတယ်လို့ဦးငှက်ကပြောခဲ့ပါတယ် ။ ဒီစကားက တကယ်ကိုမှန်ခဲ့ပြီး အိမ်ထောင်သက်ကြာသွားတဲ့အချိန်မှာ ပြောစရာစကားတွေမရှိတော့ပါဘူးတဲ့ ။

ပြောစရာစကားမရှိတော့ဘူးဆိုတာလည်း ဘ၀အတွက် ရုန်းကန်နေရတော့ အဲ့လိုပြောရမယ့်အချိန်မရှိတော့ဘူး လို့ ဦးငှက်က ဆိုပါတယ် ။ သားတွေလည်းမွေးထားတော့ မိသားစုအတွက် ရုန်းကန်ရတဲ့အတွက် အဖွဲ့အနွဲ့တွေလည်း သိပ်မပြောဖြစ်တော့ဘူးလို့ ဦးငှက်က ပြောပြခဲ့ပါတယ် ။ မနေခြည်ကလည်း မိန်းကလေးဆိုတော့ ရိုတာကိုကြိုက်ပေမယ့် ဦးငှက်ကတော့ ဘ၀က နုလို့မရတဲ့ဘ၀မို့ သူသူကိုယ်ကိုယ်ရုန်းနေရတဲ့ အချိန်မှာ မနုနိုင်တော့ဘူးလို့ ပြောပြခဲ့ပါတယ် ။ အရင်လို နုနုယွယွလေးတွေ မလုပ်နိုင်တော့ပေမယ့် ခုချိန်ထိ သစ္စာရှိရှိနဲ့မိသားစုကို ဦးဆောင်ပြီး ငွေရှာပေးနေတဲ့ဦးငှက်ရဲ့ အချစ်တွေကတော့ လေးစားလောက်ပါတယ် ပရိသတ်ကြီးရေ ။

LEAVE A REPLY

Please enter your comment!
Please enter your name here