ရွိစု မဲ့စုေလး နဲ႔ ကားဝယ္မယ္ ဆို ဒီအခ်က္ေတြ ကို ေသခ်ာ စစ္ပါ

Posted on

ကားဝယ္သူေတြထဲမွာ မသိတဲ့သူအမ်ားႀကီးရွိေပမယ့္ ကားဝယ္ေရာင္း၊ပြဲစားလုပ္ကိုင္သူေတြအဖို႔ေတာ့ လုပ္ေနက်ပါဘဲ။ မလိုအပ္ရင္ ကားမဝယ္ပါနဲ႔ ။ ဝယ္ရၿပီဆိုရင္ေတာ့ ကားဘယ္ေလာက္ႀကိဳက္ႀကိဳက္ ေငြတခါတည္းေခ်တာမ်ိဳးကို လုံးဝမလုပ္သင့္ပါဘူး။ ခုတေလာေတြ႕

ေနရတဲ့ ဝယ္ေပးေရာင္းေပးလိုက္သမွ်ကားအားလုံး ယဥ္စစ္ေဆးျခင္း၊ျပစ္မႈမွတ္တမ္းစစ္ေဆးျခင္းလုံးဝမရွိၾကတာကို ေတြ႕ေနရပါတယ္။

ဝယ္သူ‌ေတြသိပ္နစ္နာပါမယ္။တာဝန္ယူသူအနည္းငယ္ကေတာ့ ေရာင္းလိုက္တဲ့ကားတစ္စုံတစ္ရာဆိုရင္ ေျဖရွင္းေဆာင္႐ြက္ေပးေပမယ့္ ကားပြဲစား၊ဝယ္ေရာင္းေလာကမွာ ရွိေတာ့ရွိတယ္ ေ႐ႊထက္ရွားပါတယ္။နစ္နာစရာရွိရင္ အရင္နစ္နာသူက ဝယ္မိသူပါ။ ဒါေၾကာင့္ ကားတစ္

စီးဝယ္ေတာ့မယ္ဆိုရင္ ဘယ္ေလာက္ႀကိဳက္ႀကိဳက္ ေငြတန္းေခ်ျခင္းလုံးဝမလုပ္ပါနဲ႔။တာဝန္ယူတယ္ေျပာလဲ မလုပ္ပါနဲ႔။

၁။စရံအရင္ခ်ပါ။

၂။ စရံခ်ၿပီးတဲ့ကားကို ကီလိုဘယ္ေလာက္ရွိၿပီလဲ ဓါတ္ပုံ႐ိုက္ယူပါ(ကီလိုေလွ်ာ့ေနက်သူေတြဆီက ကားဆိုရင္ေတာ့ မထူးပါ)

၃။ ဝယ္ေတာ့မယ့္ကား မႈခင္းဌာနမွာတိုင္ၾကားထားျခင္းရွိမရွိ (၅၁)လမ္းယဥ္ထိန္း႐ုံးမွာ သြားစစ္ပါ။ မပက္သက္ခ်င္တာကတစ္ပိုင္း၊လုပ္သင့္တာကတစ္ပိုင္းပါ။လူ/ယဥ္ တိုက္မိလို႔တိုင္ၾကားထားသလား ယဥ္လမ္းေဖါက္ဖ်က္လို႔ တိုင္ထားတာရွိသလား စစ္လို႔ရပါတယ္

၄။ ကညနမွာ ျဖတ္ဆက္၊ေဖါက္စြပ္စစ္လို႔မရေသးဘူး တာဝန္ခံမႈမရွိဘဲ ငတ္ေနၾကတာ ေနာက္မွယဥ္စစ္လို႔ တစ္ခုခုျဖစ္ေနရင္ ကားသိမ္းခံရမွာပါ။ အဲ့ေတာ့ ကညနစစ္လို႔မရေသးရင္ စိတ္ခ်ရတဲ့ တစ္စီးလုံးခြာစစ္ေပးတဲ့ စစ္ေပးေနက် ဝပ္ေလွ်ာ့တစ္ခ်ိဳ႕ရွိပါတယ္ ဝပ္ေလွ်ာ့

တိုင္းမယုံရပါ။ ကြၽန္ေတာ္တို႔စစ္ခိုင္းေနက် ရွိပါတယ္ လိုအပ္ရင္ အကူအညီေတာင္းပါ။

၅။ တစ္ခုခုအမွားအယြင္းမရွိေၾကာင္း၊အစစ္ေဆးခံႏိုင္ေၾကာင္း၊တစ္စုံတစ္ရာရွိလွ်င္ စရံအျပည့္အဝကို ခ်က္ခ်င္းျပန္အမ္းပါမည္ဆိုသည့္အခ်က္ကို စာခ်ဳပ္တြင္ထည့္ေရးခိုင္းပါ

ကားအေၾကာင္းနားမလည္ဘဲ ကားဝယ္ၾကတဲ့အခါ အမွားအယြင္းနည္းေအာင္ ပထမဆုံးမျဖစ္မေနလုပ္ရမယ့္အခ်က္ေတြပါ။

Credit – မူရင္း

Unicode

ကားဝယ်သူတွေထဲမှာ မသိတဲ့သူအများကြီးရှိပေမယ့် ကားဝယ်ရောင်း၊ပွဲစားလုပ်ကိုင်သူတွေအဖို့တော့ လုပ်နေကျပါဘဲ။ မလိုအပ်ရင် ကားမဝယ်ပါနဲ့ ။ ဝယ်ရပြီဆိုရင်တော့ ကားဘယ်လောက်ကြိုက်ကြိုက် ငွေတခါတည်းချေတာမျိုးကို လုံးဝမလုပ်သင့်ပါဘူး။ ခုတလောတွေ့

နေရတဲ့ ဝယ်ပေးရောင်းပေးလိုက်သမျှကားအားလုံး ယဉ်စစ်ဆေးခြင်း၊ပြစ်မှုမှတ်တမ်းစစ်ဆေးခြင်းလုံးဝမရှိကြတာကို တွေ့နေရပါတယ်။

ဝယ်သူ‌တွေသိပ်နစ်နာပါမယ်။တာဝန်ယူသူအနည်းငယ်ကတော့ ရောင်းလိုက်တဲ့ကားတစ်စုံတစ်ရာဆိုရင် ဖြေရှင်းဆောင်ရွက်ပေးပေမယ့် ကားပွဲစား၊ဝယ်ရောင်းလောကမှာ ရှိတော့ရှိတယ် ရွှေထက်ရှားပါတယ်။နစ်နာစရာရှိရင် အရင်နစ်နာသူက ဝယ်မိသူပါ။ ဒါကြောင့် ကားတစ်

စီးဝယ်တော့မယ်ဆိုရင် ဘယ်လောက်ကြိုက်ကြိုက် ငွေတန်းချေခြင်းလုံးဝမလုပ်ပါနဲ့။တာဝန်ယူတယ်ပြောလဲ မလုပ်ပါနဲ့။

၁။စရံအရင်ချပါ။

၂။ စရံချပြီးတဲ့ကားကို ကီလိုဘယ်လောက်ရှိပြီလဲ ဓါတ်ပုံရိုက်ယူပါ(ကီလိုလျှော့နေကျသူတွေဆီက ကားဆိုရင်တော့ မထူးပါ)

၃။ ဝယ်တော့မယ့်ကား မှုခင်းဌာနမှာတိုင်ကြားထားခြင်းရှိမရှိ (၅၁)လမ်းယဉ်ထိန်းရုံးမှာ သွားစစ်ပါ။ မပက်သက်ချင်တာကတစ်ပိုင်း၊လုပ်သင့်တာကတစ်ပိုင်းပါ။လူ/ယဉ် တိုက်မိလို့တိုင်ကြားထားသလား ယဉ်လမ်းဖေါက်ဖျက်လို့ တိုင်ထားတာရှိသလား စစ်လို့ရပါတယ်

၄။ ကညနမှာ ဖြတ်ဆက်၊ဖေါက်စွပ်စစ်လို့မရသေးဘူး တာဝန်ခံမှုမရှိဘဲ ငတ်နေကြတာ နောက်မှယဉ်စစ်လို့ တစ်ခုခုဖြစ်နေရင် ကားသိမ်းခံရမှာပါ။ အဲ့တော့ ကညနစစ်လို့မရသေးရင် စိတ်ချရတဲ့ တစ်စီးလုံးခွာစစ်ပေးတဲ့ စစ်ပေးနေကျ ဝပ်လျှော့တစ်ချို့ရှိပါတယ် ဝပ်လျှော့

တိုင်းမယုံရပါ။ ကျွန်တော်တို့စစ်ခိုင်းနေကျ ရှိပါတယ် လိုအပ်ရင် အကူအညီတောင်းပါ။

၅။ တစ်ခုခုအမှားအယွင်းမရှိကြောင်း၊အစစ်ဆေးခံနိုင်ကြောင်း၊တစ်စုံတစ်ရာရှိလျှင် စရံအပြည့်အဝကို ချက်ချင်းပြန်အမ်းပါမည်ဆိုသည့်အချက်ကို စာချုပ်တွင်ထည့်ရေးခိုင်းပါ

ကားအကြောင်းနားမလည်ဘဲ ကားဝယ်ကြတဲ့အခါ အမှားအယွင်းနည်းအောင် ပထမဆုံးမဖြစ်မနေလုပ်ရမယ့်အချက်တွေပါ။

Credit – မူရင်း