ရုံးချိန်းပျက်တာလည်း မဟုတ်သလို အမှုကိုလဲလုံးဝ ကျေအေးပေးမှာ မဟုတ်ဘူးလို့ ဆိုလာတဲ့ မော်ဒယ် စူးရှထက်

စစ်ဆေးနေတာ (၁) နှစ်ဝန်းကျင် ခန့်ကြာမြင့်နေပြီဖြစ်တဲ့ အဆိုတော် အစ္စဏီ နဲ့ မော်ဒယ်လ် စူးရှထက်တို့ရဲ့ အမှုနဲ့ပတ်သက်လို့ မော်ဒယ်လ် စူးရှထက် ကရုံးချိန်မတက်ဘူးလို့ ဆိုကြတဲ့ အပေါ် တက်စရာမလိုလို့ မတက်တာဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပြီး ဒီအမှုနဲ့ပတ်သက်လို့ လာရောက်ညှိနှိုင်းတဲ့ အပေါ် အစပိုင်းမှာ ကျေးအေးဖို့လည်း ရှိခဲ့တယ်လို့ ဆိုလာခဲ့ပါတယ်။ “ညီမရုံးချိန်ပျက်တာ မဟုတ်ပါဘူး။ ဒီနေ့မှ တက်ဖို့ ခေါ်လို့လာတက်ပါ။ အဖြေမှန်မပေါ်သေးပဲ ဘာလို့ သမီးရည်းစားပြဿနာလို့ ဘာလို့ပြောတာလဲ။ အစက ကျွန်မ ဒီအမှုကို ကျေအေးပေးဖို့ အစီအစဉ်ရှိပါတယ်။ ခုတော့ ဂုဏ်သရေရှိ စာရေးဆရာမ တစ်ဦးက ညီမရဲ့ ရှေ့ရေးကို လာပြောတဲ့အတွက် ကျွန်မ ဒီအမှုကို လုံးဝကျေအေးပေးဖို့ ဆန္ဒမရှိပါဘူး။ အဆုံးထိလိုက်ပါမယ်။ ခု နေပြည်တော် တရားလွှတ်တော်ရုံးချုပ်ထိ ထပ်ပြီးလျှောက်ထားပါမယ်။ အမှားကို အမှားအတိုင်း ၀န်ခံရင် ယောက်ျားပဲ လုပ်ရဲရင် ၀န်ခံရဲရမယ်၊ အမှားကို ၀န်ခံရင် ညီမ ကျေအေးပေးလို့ရတယ်။ ” လို့ အမှုကို နေပြည်တော်ရုံးထိ လွဲပြောင်းကာ တိုင်မဲ့အကြောင်းကိုပါ ခုလိုပြောပြခဲ့တာဖြစ်ပါတယ်။

အနုပညာရှင် မော်ဒယ်လ်တစ်ယောက်ဖြစ်တာကြောင့် ခပ်ဟော့ဟော့ ၀တ်စားဆင်ယင်မှု ကို ထိခိုက်ပြောဆိုကြသူသတွေလည်း ရှိတာမို့ ” ၀တ်စားဆင်ယင်မှုနဲ့ ပတ်သက်လို့ ညီမပွဲညားရင် ငှားတဲ့သူက ဒီလိုဝတ်ပေးပါလို့ပြောရင် ညီမ မ၀တ်ပေးဘူးလို့ ပြောလို့ရမလား၊ ညီမ၀တ်ပေးမှ ညီမထမင်းစားရမှာပါ။ နင့် လုံလုံခြုံခြုံနဲ့ အိမ်ထဲမှာ နေပါလို့ ပြောတိုင်း ညီမကို ဘယ်သူ ထမင်းလာကျွေးမလဲ။ ခုညီမရုံးချိန်းလာတယ်။ ခု ညီမ ဒီလို မြန်မာဝတ်စုံဝတ်လာတယ်လေ။ ဘာဖြစ်လို့လဲ ဆိုတော့ သူ့နေရာနဲ့ သူ နေရာဒေသအလိုက် ၀တ်တာ။ဒါကို အ၀တ်အစားဝတ်လို့ စော်ကားခံရပါတယ် ဆိုတဲ့ စကားမျိုးမပြောနဲ့။ ဒါဆိုသက်ငယ်မုဒိန်း မှုတွေက အ၀တ်အစားပေါ်လို့ ဖြစ်တာလား။ ” လို့ ပြန်ဖြေရှင်းပြောဆိုခဲ့တာဖြစ်ပါတယ်။

အမှုကို လာဘ်ထိုးခြင်း ၊ ရုံးချိန်းပျက်ကွက်ခြင်း တစ်ခုမှ မရှိခဲ့သလို အမှန်တရားကို ခုချိန်မှာ လိုချင်တယ်လို့ ဆိုလာတဲ့ မော်းယ် စူးရှထက်ကတော့ သူမဘက်က ကျေအေးပေးမဲ့အခြေအနေတစ်ခုကို ပျက်အောင် ဖြစ်သွားရတဲ့ အကြောင်းကတော့ “ကျေအေးပေးဖို့ လာပြောတဲ့ ဂုဏ်သရေရှိ လူကြီးမင်းတစ်ယောက် ကျေအေးပေးဖို့ လာညှိလို့ ညီမ အစကကျေအေးပေးဖို့ အစီအစဉ်ရှိပါတယ်။ ဟိုးတနေ့က အင်တာဗျူးတစ်ခုမှာ သမီးရည်းစားကိစ္စပါ၊ မုဒိန်းမှု မဟုတ်ပါဘူး၊ လာညှိနှိုင်းပါလို့ ပြောလို့ ညီမက အိမ်ပေါ်တက်ပြီး သွားစော်ကားတာလား၊ ညီမကို အိမ်ပေါ်တက်ပြီး စော်ကားခံရတာလား ၊ ဘယ်ရဲအရာရှိနဲ့ အထက်လူကြီးတွေ ဘယ်သူကိုမှ ညီမအိတ်ထဲကနေ ငွေတပြားတစ်ချပ်မှ ပေးထားတာ မရှိပါဘူး။ ” လို့ သူမက ခုလိုပဲ ဆိုလာတာမို့ ကဲ  ပရိသတ်ကြီးကကော အမှုမှန်ကို အမြန် ပေါ်ပေါက်စေချင်ပြီး မြန်မြန်အဆုံးသတ်စေချင်ပြီမဟုတ်လားနော်။

Leave a Reply

Your email address will not be published. Required fields are marked *

Show Buttons
Hide Buttons