မန္တလေးတိုင်းဒေသကြီးမိတ္တီလာမြို့နယ်မြို့မရဲစခန်းဝန်းအတွင်းရှိနှစ်ထပ်ဆောင်အရာရှိတိုက်ခန်းလိုင်းအပေါ်ထပ်နေအိမ်တိုက်ခန်းတွင်ရဲအုပ်အဆင့်အရာရှိတစ်ဦးနှင့်ဇနီးဖြစ်သူတို့နှစ်ဦးအားသေနတ်ဒဏ်ရာများနှင့်သေဆုံးမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

မေ(၁၆)ရက်နံက်(၉)နာရီခန့်မြို့မရဲစခန်းဝန်းရှိ နှစ်ထောင်ဆောင်အရာရှိအိမ်ထောင်သည်တိုက်ခန်း အပေါ်ထပ်တိုက်ခန်းနေ ခရိုင်ရဲတပ်ဖွဲ့မှူး ရုံး ရေး/ထောက်ဌာနစိပ်မှ ရဲအုပ်အောင်နိုင်ထွန်းနှင့်ဇနီးဒေါ်မြင့်မြင့်သိန်းတို့နေအိမ်တိုက်ခန်းအတွင်း သေဆုံးနေကြောင်း သတင်းအရခရိုင် ရဲတပ်ဖွဲ့မှူး မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်မြို့မရဲစခန်းမှူးတို့မှ သက်သေများနှင့် အတူစစ်ဆေးကြည့်ရှု့ရာ

ရဲအုပ်အောင်နိုင်ထွန်းတွင် ယာနားထင်မှ နဖူးထိပ်ဖောက်ထွက် သေနတ်ဒဏ်ရာဖြင့် တောင်ဘက်ခေါင်းပြု၍ လည်းကောင်း ဇနီးဒေါ်မြင့်မြင့်သိန်းတွင် ယာနားအတွင်း သွေးထွက် သေနတ်ဒဏ်ရာဖြင့် အနောက်မြောက်သို့ ခေါင်းပြုလျက် သေဆုံးနေပြီး ရဲအုပ်အောင်နိုင်ထွန်း၏ လက်တွင်ပစ်ခတ်ပြီး သေနတ် ကိုင်ဆောင် ထားလျက်စစ်ဆေး တွေ့ရှိရကြောင်းသိရသည်။

သေဆုံးသူအလောင်းများအား ရဲစခန်းဆေးစာများနှင့် အတူ ကြက်ခြေနီတပ်ဖွဲ့ သူနာပြုယာဉ်ဖြင့်ပြည်သူဆေးရုံသို့ ရင်ခွဲစစ်ဆေး နိုင်ရေး အတွက်ပို့အပ်ထားရှိပြီး သေဆုံးခြင်း အမှန်သိရှိနိုင်ရေး အတွက်စုံစမ်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here