အ မျိုး သ မီး Rapဆိုတဲ့သူတွေ နည်းတဲ့မြန်မာနိုင်ငံမှာ စန္ဒီမြင့်လွင် တစ်ယောက်ကတော့ရှားရှားပါးပါးတစ်ယောက်ဖြစ်ခဲ့ပါတယ်။ မကြာခင်အချိန်မှာတော့ သူအရမ်းလိုချင်နေတဲ့ သမီးလေးတစ်ယောက်ကို ပိုင်ဆိုင်ရတော့မှာလည်း ပရိသတ်ကြီးသိပြီးသားဖြစ်မှာပါ။ မကြာခင်မှာ လူ့လောကထဲရောက်လာမယ့် သမီးအတွက်ကြိုပြီးရင်ခုန်နေတဲ့သူက သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးကိုလည်း ပိုင်ဆိုင်ထားနိုင်ပြီဖြစ်ပါတယ်။ အခုပြောချင်လွန်းလို့ပရိသတ်ကြီးကို ဖော်ပြသတင်းကောင်းပါးချင်တဲ့ သတင်းလေးတစ်ခုရှိပါတယ်။

အဲ့ ဒါ ကေ တာ့ စန္ဒီမြင့်လွင့်တို့ဇနီးမောင်နှံရဲ့ Bart လို့နာမည်ပေးထားတဲ့ Bar တစ်ခုဖွင့်လှစ်လိုက်တယ်ဆိုတဲ့ သတင်းကောင်းလေးတစ်ခုပဲဖြစ်ပါတယ်။

သူ တို့ ရဲ့ Bart ဘားကတော့ ရန်ကုန်မြို့ ကုန်သည်လမ်းနဲ့ ၃၉ လမ်းထောင့်မှာ ဖွင့်ထားတယ်လို့လည်းသိရပါတယ်။ Bar ဖွင့်ပွဲလုပ်တဲ့အချိန်မှာလည်း မိတ်ဆွေအနုပညာရှင်ပေါင်းများစွာ တက်ရောက်ချီးမြှင့်ခဲ့ပြီး ။ ဖွင့်ပွဲနေ့က ပုံရိပ်တွေကို စန္ဒီမြင့်လွင်က “လာရောက်အားပေးလို့ ရပါပီရှင်၃၉ လမ်းထိပ် ကုန်သည်လမ်းမပေါ်အောက်ဘလောက်”ဆိုပြီး တင်ထားပါတယ်။ သူတို့ရဲ့Barကတော့အပြင်အဆင်ခပ်ဆန်းဆန်းနဲ့ လာရောက်စားသုံးသူတွေကို စိတ်ချမ်းမြေ့မှုပေးနိုင်မှာသေချာပါတယ်။

နိုင် ငြံ ခား ရုပ်ရှင်တွေထဲမှာမြင်တွေ့ရတဲ့ Bar အပြင်အဆင်လေးနဲ့မို့ ပြောချင်လွန်းလို့ပရိသတ်တွေ မြင်တွေ့ခံစားလို့ရအောင်တင်ဆက်ပေးလိုက်ပါတယ်။ အခုကျနော်တို့ဖော်ပြပေးလိုက်တဲ့ စန္ဒီမြင့်လွင်တို့ရဲ့ Bart Bar ရဲ့ပုံရိပ်တွေကို ကြည့်ပြီး လူကြီးမင်းတို့ရဲ့အမြင်လေးတွေကိုလည်း ပြန်မျှဝေပေးသွားကြပါဦးခင်ဗျာ။

LEAVE A REPLY

Please enter your comment!
Please enter your name here