ရန်ကုန်မှာ ကားစက်ရုံသစ် တည်ဆောက်မယ်လို့ TOYOTA အတည်ပြု

မန်မာနိုင်ငံမှာ ကားစက်ရုံတစ်ခု တည်ဆောက်သွားမယ်လို့ Toyota ကုမ္ပဏီက အတည်ပြု ကြေညာလိုက်ပါတယ်။

အာရှတိုက်ရဲ့ အကြီးမားဆုံး မော်တော်ယာဉ် ထုတ်လုပ်ရေး လုပ်ငန်းစုကြီးဟာ မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် ကားစက်ရုံတစ်ခု တည်ဆောက်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ဒီစက်ရုံကနေ ပြည်တွင်းဖြစ် ကားတွေကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ စတင် တပ်ဆင် ထုတ်လုပ်နိုင်မယ်လို့ ဆိုပါတယ်။Toyota ကားစက်ရုံသစ်မှာ Hilux အမျိုးအစား ကားမော်ဒယ်လ်တွေကိုပဲ ဦးဆုံး ထုတ်လုပ်နေမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ကားဟောင်း ရောင်းဝယ်တဲ့ ဈေးကွက် တွင်ကျယ်နေဆဲ ဖြစ်ပေမယ့် ပြီးခဲ့တဲ့ နှစ်ပိုင်းအတွင်း အသစ်ကျပ်ချွတ် မော်တော်ကားတွေ ဝယ်ယူမှုလည်း မြင့်တက်လာပါတယ်။ Toyotaဟာ လတ်တလော မြန်မာနိုင်ငံ ကားဈေးကွက်ထဲမှာ Hilux၊ Vios၊ Rush အပါအဝင် မော်ဒယ်လ်တချို့ကို ရောင်းချပေးနေပါတယ်။

ကုမ္ပဏီက မြန်မာ ဖောက်သည်တွေ အနေနဲ့ ကားအမျိုးအစား ရွေးချယ်ခွင့်ကို ပိုမို မြှင့်တင်ပေးနိုင်မယ့် အစီအမံသစ်တွေ စတင်နေပြီလို့လည်း ဆိုပါတယ်။ Toyota ကားစက်ရုံသစ်ကို သီလဝါ အထူးစီးပွားရေးဇုန်မှာ တည်ဆောက်သွားမှာဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ဒေါ်လာ ၅၂.၆ သန်းဝန်းကျင် ရှိမယ်လို့ ကုမ္ပဏီက ထုတ်ပြန်ပါတယ်။

ဒီစက်ရုံမှာ ဝန်ထမ်း ၁၃၀ လောက် ခန့်အပ်ပြီး တစ်နှစ်ကို Hiluxစီးရေ ၂၅၀၀ ဝန်းကျင် ထုတ်လုပ်နိုင်ဖို့ မျှော်လင့်ထားကြောင်းလည်း သိရပါတယ်။

လက်ရှိ တိုယိုတာ အနေဖြင့် နိုင်ငံပေါင်း ၂၇ နိုင်ငံတွင် ကား နှင့် ကားပစ္စည်း ထုတ်လုပ်သည့် စက်ရုံများ ရှိနေပြီးလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင် တိုယိုတာ စက်ရုံလာဖွင့်ခြင်းသည်လည်း မကြာမီက လက်ဝဲမောင်း ကားများ သာ တင်သွင်းခွင့်ပြုမယ့် ကနှ်ုသတ်မှုအပေါ် မဟာဗျုဟာမြောက် လှုပ်ရှားလိုက်တာလည်း ဖြစ်ပါတယ်။ ကားများကို ပြည်တွင်းမှာ ထုတ်လုပ်တဲ့ ကုမ္ပဏီများ ကို အစိုးရမှ အခွန် သက်ညှာစွာ ကောက်ခံမယ် ဆိုတာကလည်း ရှိနေတဲ့ အပြင် မြန်မာအစိုးရရဲ့ မကြာမီက ပြည်ပ ရင်းနှီးမြုပ်နှံမှုများ ကို အားတက်သရော ဖိတ်ခေါ်လာမှုကြောင့်လည်း ဖြစ်ပါတယ်။ လောလောဆယ်တော့ ပြည်ပမှ တင်သွင်းလာတဲ့ ပစ်ကပ်ထရပ်များ အဖို့ ပို့ကုန်တန်ဖိုး၏ ၄၀% ကို အထူး မှတ်ပုံတင်ကြေး ပေးဆောင်နေရပါတယ်။ ပြည်တွင်းမှာ ထုတ်လုပ်တဲ့ ကားများ အဖို့ ပေးဆောင်ရန် မလိုတာ တွေ့ရပါတယ်။ ထို့အပြင် ပြည်တွင်းမှာ တပ်ဆင် ထုတ်လုပ်တဲ့ SKD ကားများ အနေဖြင့် ရန်ကုန် လိုင်စင်လည်း ထုတ်ပေးတာ တွေ့ရပါတယ်။

ဆူဇူကီးသည် မြန်မာ ကားလုပ်ငန်း သို့ ပထမဆုံး ၀င်ရောက်လာသော ကုမ္ပဏီ ဖြစ်ပြီး လောလောဆယ်မှာ လူစီး compact ကားများ တပ်ဆင် ထုတ်လုပ်နေတဲ့ စက်ရုံ နှစ်ရုံ ရှိနေပြီ လည်း ဖြစ်တဲ့ အတွက် ဈေးကွက်၏ တ၀က်နီးပါး ကို ထိမ်းချုပ်ထားပါတယ်။နစ်ဆန်း၊ ဖို့ဒ် ၊ ကီယား နှင့် ဟန်ဒေး ကား ထုတ်လုပ်သူများ လည်း ပြည်တွင်း မှာ ရှိနေကြပါတယ်။ အများအားဖြင့် ပြည်ပမှ ကားအစိတ်အပိုင်းများ တင်သွင်း တပ်ဆင်နေကြဆဲပဲ ရှိပြီး မြန်မာ့ ကားထုတ်လုပ်သည့် စက်မှု လုပ်ငန်းများ ဖွံဖြိုး လာသည်နှင့်အမျှ ကားအစိတ်အပိုင်း ထုတ်လုပ်မည့် စက်ရုံများ ၀င်ရောက်လာဖို့ ရှိနေပါတယ်။

ယခုလို တိုယိုတာ က စက်ရုံကြီး လာရောက်ဖွင့်လှစ်မှုသည် ပြည်တွင်း တွင် ရင်းနှီးမြုပ်နှံရန် တွန့်ဆုပ်နေသူ များ အတွက် တပ်လှန့်နှိုးဆော်မှုကြီးလည်း ဖြစ်တဲ့ အတွက် တိုင်းပြည် စီးပွားရေး အတွက် အရေးပါသော ခြေလှမ်းကြီးလည်း ဖြစ်ပါတော့တယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Show Buttons
Hide Buttons