မကြာခင်မှာ သီလရှင်အဖြစ်နဲ့ သာသနာ့ဘောင်မှာ ပျော်မွေ့တော့မယ့်ဆိုတဲ့ စူးရှထက်

ပေပီတစ်ယောက် လောကီရေးရာတွေကို ခေတ္တခဏရှောင်လွှားတဲ့အနေနဲ့ ဘုရားရိပ် တရားရိပ်မှာအေးချမ်းတော့မယ်လို့ ပရိသတ်ကြီးကို အသိပေးလိုက်တာပဲဖြစ်ပါတယ်။ သာဓုပါ ပေပီရေ ပိုမိုကောင်းမွန်အေးချမ်းတဲ့ ဘဝတစ်ခုကို လူတိုင်းလိုချင်တတ်ကြပေမယ့် တကယ်တမ်းလုပ်ဖို့ ဆိုတာတော့ အနည်းငယ်စိုးရွံ့တတ်ကြပါတယ်။ စူးရှထက် တစ်ယောက် တကယ်ပဲ သာသနာ့ဘောင်ဝင်တော့မှာလားဆိုတာတော့ ပရိသတ်ကြီး ကလည်း စောင့်မျှော်နေပါတယ်။


လက်ရှိရင်ဆိုင်နေရတဲ့ အမှုကိစ္စမှာလည်း သူမအနေနဲ့ ရုံးချိန်းတွေတက်နေရပြီး နစ်နာမှုအတွက် တရားမျှတမှုတစ်ခုကိုရအောင် တိုက်ပွဲဝင်နေသူ တစ်ယောက်ပါပဲ။ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နေပြီး မိဘကိုလည်း ပြန်လည်ထောက်ပံ့နေသူ တစ်ယောက်ပါပဲ။ မော်ဒယ်အဖြစ်နဲ့ အနုပညာလောကထဲကို ဝင်ရောက်လာခဲ့ပြီး လက်ရှိ အချိန်မှာလည်း အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်ဆိုသလို လုပ်ဆောင်နေခဲ့ပါ တယ်။


ဒီနေ့မှာတော့ ပေပီတစ်ယောက် သီလရှင် ဝတ်တော့မယ် ဆိုပြီး ပရိသတ်တွကို သူမရဲ့လူမှုကွန်ယက်ကနေတဆင့် အသိပေးလိုက်တာ ပဲဖြစ်ပါတယ်။ တကယ်ဝတ်ဖြစ်ခဲ့ ရင်တော့ အမွန်မြတ်ဆုံးအလုပ်တစ်ခုကို လုပ်နိုင်တဲ့အတွက် သာဓုအကြိမ်ကြိမ်ခေါ်ဆို ကြမှာ အသေအချာပါပဲ။ တိုက်ခိုက်မှုတွေ ဝေဖန်မှုတွေကြောင့် ပူလောင်နေရတာတွေ ကို တရားဘာဝနာပွားများပြီး အေးချမ်းအောင်ကြိုးစားတော့မယ်ထင်ပါရဲ့ ပရိသတ်ကြီးရေ။

Leave a Reply

Your email address will not be published. Required fields are marked *

Show Buttons
Hide Buttons