ပြီးခဲ့တဲ့ ၂၀၁၈ အတွက် အကယ်ဒမီဆုပေးပွဲ အခမ်းအနားကိုတော့ ပြီးခဲ့တဲ့ ၂၀၁၉ မတ်လမှာ ကျင်းပသွားခဲ့ပါတယ်။ ယခုနှစ်မှာ ကျင်းပသွားတဲ့ အကယ်ဒမီပေးပွဲကြီးကတော့ ရုပ်ရှင်အကယ်ဒမီပေးတဲ့ သက်တမ်းတလျှောက်မှ အဝေဖန်ခံရဆုံးပွဲကြီး ဖြစ်ခဲ့ပါတယ်။ ထို့နောက် ပရိသတ်တွေလည်း အနုပညာရှင်တွေ ရုပ်ရှင်အစည်းအရုံးမှ လူတချို့ကိုလည်း ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့တဲ့ နှစ်တနှစ်လည်း ဖြစ်ပါတယ်။

ဒီလိုဝေဖန်ခံရတဲ့နောက်မှာတော့ အကယ်ဒမီပေးပွဲနဲ့ ပတ်သက်တဲ့ ဂယက်တွေကတော့ နည်းနည်းနောနော မဟုတ်အများကြီးကို ပရိသတ်တွေကြားမှာ ပြန့်နှံခဲ့ပါတယ်။ ဒီလိုအကယ်ဒမီနဲ့ ပတ်သက်ပြီးပြန့်နှံခဲ့တဲ့ ဂယက်တွေကိုတော့ ပရိသတ်တခုက ဖြတ်ညှပ်ကပ်လုပ်ထားပြီး ဒီဗီဒီယိုလေးကတော့ တော်တော်လေးကို ရယ်ရပါတယ်။ ဒီဗီဒီယိုလေးကိုတော့ အောက်မှာ ဖော်ပြထားပါတယ်။

အကယ်ဒမီနဲ့ ပတ်သက်ပြီး အနုပညာရှင်တွေရဲ့ ပြောစကားတွေ ဝေဖန်မှုတွေ မှတ်သားဖွယ်စကားတွေ အားလုံးကိုစုပြီးတော့ Edit ပြန်လုပ်ထားတဲ့ဗီဒီယိုလေးကတော့ ပရိသတ်တွေကြားမှာ ရေပန်းစားနေတာ ဖြစ်ပါတယ်။ ဒီဗီဒီယိုလေးမှာတော့ သူထူးစံရဲ့ သူအကယ်ဒမီရသွားတဲ့ ဇာတ်ကားကို မကြည့်ရသေးတဲ့အကြောင်း၊ အလှမယ်သင်းသင်းရဲ့ အကယ်ဒမီဖိတ်စာ အရှုပ်တော်ပုံ၊ ရုပ်ရှင်အဖွဲ့စည်း ဥက္ကဌဦးဇင်ဝိုင်းရဲ့ မှတ်သားဖွယ်စကားတွေ၊ ဒါရိုက်တာဝိုင်း၊ ခီနဲ့ မီတို့နဲ့ ပတ်သက်တဲ့ ဂယက်တွေ၊ နေထက်လင်းရဲ့ တချိုအနုပညာရှင်တွေကို ဒဲ့ဖြဲထားတဲ့စကားတွေနဲ့ အခြားသော ဝါရင့်အနုပညာရှင်တွေရဲ့ ဝေဖန်မှုတွေကို ပေါင်းစပ်ထားတာ ဖြစ်ပါတယ်။

ဒီဗီဒီယိုလေးကိုတော့ပရိသတ်ကြီးလည်း ကြည့်ပြီး အူတက်အောင် ရယ်ရစေဖို့ ဖော်ပြပေးလိုက်ပါတယ်။ ဗီဒီယိုလုပ်ထားတဲ့သူကိုလည်း ချီးကျုးမိပါတယ်။ ပရိသတ်ကြီးရော ဒီအကယ်ဒမီဂယက် ဗီဒီယိုကို ကြည့်ပြီး ရင်ထဲမှာ ပြောချင်တာတခုခုရှိရင် မန့်ခဲ့ကြလေ။

LEAVE A REPLY

Please enter your comment!
Please enter your name here