မိုးရွာပြီး မိုးခြိမ်းသံကြားရုံဖြင့်​ မီးလိုင်းဖြတ်​ခြင်း ပြုလုပ်​ပါက မြို့နယ်​ လျှပ်​စစ်​အင်​/ယာ ကိုအ​ရေးယူမည်​ဟုဆို

မိုးရွာခြင်းမိုးခြိမ်းခြင်း​ကြောင့်​ ဓာတ်​အားလိုင်းဖြတ်​​တောက်​ ခြင်းပြုခွင့်​​ပေးမထား​ကြောင်း ထိုသို့ပြုလုပ်​ပါက သက်​ဆိုင်​ရာမြို့နယ်​ လျှပ်​စစ်​အင်​/ယာ အားအ​ရေးယူသွားမည်​ဟု မွန်​ပြည်​နယ်​လျှပ်​စစ်​ နှင့်​စွမ်းအင်​၀န်​ကြီးဦးလှထွန်းက​ပြောသည်

“မိုးကြီးပြီး​လေပြင်း​တွေတိုက်​လို့ ဓာတ်​မီးတိုင်​​တွေပျက်​ဆီးမှာ ဓာတ်​ကြိုး​တွေ ပြတ်​ကျ ပြီးပြည်​သူ​တွေ အန္တရာယ်​ဖြစ်​မှာ စိုးရိမ်​ရတာဆိုယင်​​တော့ မီးဖြတ်​တာရှိပါတယ်​ မိုးရွာလို့ လျှပ်​စီးလက်​လို့မီးမိုးကြိုးပစ်​မှာစိုးလို့မီးဖြတ်​တယ်​ဆိုယင်​အဲ့ဒီမြို့နယ်​လျှပ်​စစ်​အင်​ဂျင်​နီယာကိုအ​ရေးယူမယ်​” ဟု ၀န်​ကြီး ဦးလှထွန်းက မွန်​ပြည်​နယ်​ အစိုးရအဖွဲ၏ ဇွန်​လ ၄ ရက်​​နေ့ကပြုလုပ်​​သောသတင်းစာရှင်းလင်းပွဲ၌ လူထုက​လောင်​ သတင်းဂျာနယ်​၏​မေးမြန်းချက်​အ​ပေါ် ပြန်​လည်​​ဖြေကြား​ပြောဆိုခဲ့သည်

ယခုနှစ်​မိုးဦးရာသီစတင်​ချိန်​ကစတင်​ပြီးမွန်​ပြည်​နယ်​အတွင်းရှိ မြို့နယ်​များတွင်​ အ​ကြောင်းအမျိုးမျိုးဖြင့်​ ဓာတ်​အားပြတ်​​တောက်​မှုများ ဆက်​တိုက်​ဖြစ်​​ပေါ်​နေခဲ့ပြီးတိုက်​ဆိုင်​စွာပင်​ မိုးရွာသွန်းပြီး လျှပ်​စီးလက်​သည်​နှင့်​ လျှပ်​စစ်​မီးပြတ်​​တောက်​မှုများလည်း ဖြစ်​ပွား​နေခဲ့​ကြောင်း​တွေ့ရသည်

၂၀၁၈/၁၉ ဘဏ္ဏာနှစ်​အတွင်း မွန်​ပြည်​နယ်​ အတွင်း၌​ကျေးရွာ​ပေါင်း ၉၇ ခု၌ မီတာအလုံး​ပေါင်း၂၂၀၀၀ ​ကျော်​တိုးချဲ့တပ်​ဆင်​​ပေးထား​ကြောင်းပြည်​နယ်​လျှပ်​စစ်​ဌာနမှထုတ်​ပြန်​​သောစာရင်းအရသိရသည်

Leave a Reply

Your email address will not be published. Required fields are marked *

Show Buttons
Hide Buttons