ဘန်ကောက်မှာ အပန်းဖြေအနားယူနေကြတဲ့ နေခြည်ဦးတို့ချစ်သူနှစ်ဦး

နိုင်ငံကျော် Beauty Blogger တစ်ဦးဖြစ်တဲ့ နေခြည်ဦးကတော့ပရိသတ်တွေရဲ့အချစ်တော်တစ်ဦးဖြစ်သလို အောင်မြင်မှုကိုတပ်မက်တဲ့ အနုပညာရှင်တစ်ဦးလဲဖြစ်ပါတယ်။သူမဟာ ကိုယ်ပိုင်အရည်အချင်းတွေနဲ့ ကြိုးစားအားထုတ်ရင်းမှာပဲ အမာခံချီလီပရိသတ်တွေ အမြောက်အများကို ပိုင်ဆိုင်ရရှိထားပါတယ်နော်။ အခုဆိုရင် နေခြည်ဦးဟာ ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်း ဆက်တိုက်ရိုက်ကူးနေရသလို ကြော်ငြာလေးတွေလည်း လက်ခံရိုက်ကူးနေရပါတယ်။

အချစ်ရေးနဲ့ပတ်သက်ပြီး ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်း ချပြထားတဲ့ နေခြည်ဦးဟာ လက်ရှိမှာတော့ ဘန်ကောက်ကို ချစ်သူနဲ့အတူရောက်ရှိနေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းလောက်ကလည်း မိသားစုဝင်တွေနဲ့အတူ နေခြည်ဦးတို့စုံတွဲက ရှမ်းပြည်ဘက်ကို ခရီးထွက်ခဲ့ကြပါသေးနယ်။ အခုတော့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကို အလည်ရောက်ရှိနေပါတယ်။ ဘန်ကောက်ကို နောက်တစ်ကြိမ် ခရီးထွက်လာတဲ့ ချီချီတို့ချစ်သူနှစ်ဦးက အပန်းဖြေအနားယူရင်း ကြည်နူးဖွယ်တွေ့ရပါတယ်။

အခုလည်း နေခြည်တို့ရဲ့ပုံရိပ်တစ်ချို့ကို သူမရဲ့ချစ်သူ အောင်နွေဦးက လူမှုကွန်ယက်ပေါ်မှာမျှဝေပေးထားတာ ဖြစ်ပါတယ်။ ချီချီတို့စုံတွဲက လက်ရှိဘန်ကောက်မှာရှိတဲ့ ” Siam Kempinski Hotel Bangkok ” မှာ အနားယူနေတာဖြစ်ပြီး ရှန်ပိန်သောက်ရင်း အပန်းဖြေနေကြတာလည်း တွေ့ရပါတယ်။ ပရိသတ်တွေအတွက် နေခြည်ဦးတို့ ချစ်သူနှစ်ဦးရဲ့ အမိုက်စား ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *

Show Buttons
Hide Buttons