ဘိလပ်မြေစက်ရုံစီမံကိန်းကို ကန့်ကွက်နေတဲ့ မန္တလေးတိုင်းဒေသကြိး ပုသိမ်ကြီးမြို့ နယ်ထဲက အောင်သပြေရွာသားတွေကို ရဲတပ်ဖွဲ့က သေနတ်နဲ့ ပစ်ဖောက်ဖြိုခွင်ပြီး တဲ့နောက် ရွာသားတွေက စက်ရုံစီမံကိန်းအဆောက်အအုံတွေကို မီးရှို့လိုက်ပါပြီ။


ပုဂ္ဂလိကကျောက်မီးသွေးစွမ်းအင်သုံး အယ်လ်ဖာ ဘိလပ်မြေစက်ရုံ စီမံကိန်းဖျက်သိမ်းပေးဖို့နဲ့ ဖမ်းဆီးထားတဲ့ တောင်သူတွေကို အမြန်ဆုံးလွှတ်ပေးဖို့ ဒေသခံရွာသားတွေက မေလ ၁၄ ရက်ကတည်းက ကျေးရွာအဝင်လမ်းကို ပိတ်ဆို့ကာ ဆန္ဒပြခဲ့ကြတာပါ။

ဒီကနေ့ မေ ၁၅ ရက် နံနက် ၅ နာရီလောက်မှာတော့ လမ်းပိတ်ထားတဲ့ ရွာသားတွေကို ရဲတပ်ဖွဲ့ဝင်အလုံးအရင်းနဲ့ သေနတ်ပစ်ဖောက် ဖြိုးခွင်းခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

ရဲတပ်ဖွဲ့က ဖြိုခွင်းပြီးတဲ့နောက် ရွာသားလေးဦးကို ဖမ်းဆီးသွားတယ်လို့သိရပါတယ်။ အခုအချိန်မှာတော့ စက်ရုံအတွင်းပိုင်းမီးလောင်ကျွမ်းနေပြီး မီးခိုးတွေထွက်နေတာကို တွေ့ရပါတယ်။

 

လက်ရှိဖြစ်ပေါ်နေတဲ့အပေါ် အစိုးရအဖွဲ့အနေနဲ့ လာရောက်ဖြေရှင်းဖို့ ဒေသခံတွေကတောင်းဆိုနေပါတယ်။ ဒီပြသနာဟာ နှစ်နှစ်ကျော်ကြာမြင့်နေပြီဖြစ်ပြီးတော့ ဆန္ဒပြတောင်းဆိုခဲ့မှုကြောင့် ရွာသား ၁၈ ဦးလောက် တ ရားစွဲဆိုခံထားရတာပါ။

LEAVE A REPLY

Please enter your comment!
Please enter your name here