မိုင်းမိုင်ဆိုင်ကတော့ Myanmar Idol Season 2 ကနေ ပရိသတ်အားပေးမှုကိုရရှိ ခဲ့တဲ့အဆိုတော်တစ်ဦးလို့ဆိုနိုင်ပါတယ်။ အသံပါဝါကောင်းကောင်းနဲ့ Rock သီချင်းတွေကို သီဆိုတဲ့အတွက် ပရိသတ်တွေရဲ့ ရင်ထဲမှာနေရာတစ်နေရာ ရရှိခဲ့တာပဲဖြစ်ပါတယ်။ ကြည့်ရင်တော့ ယောကျာ်းလေးတစ်ယောက်ပုံစံရှိပေမဲ့ အရမ်းချစ်တတ်တဲ့ ကောင်းမလေးတစ်ယောက်ပဲဖြစ်ပါတယ်။ ချစ်သူထားရင်ပါးသိုင်းမွှေးပါတဲ့လူကိုပဲထားတယ် ပါးသိုင်းမွှေးနဲ့ကောင်လေးတွေကိုသဘောကျတယ်ဆိုတဲ့အကြောင်းကို The Irrawaddy Lifestyle မီဒီယာနဲ့တွေ့ဆုံစဉ်ဖြေကြားခဲ့တာဖြစ်ပါတယ်။

ချစ်သူက ကိုယ်ထက်ချောတယ် ပါးသိုင်းမွှေးလေးလည်းပါတယ် မိုင်းမိုင်က ပါးသိုင်းမွှေလေးတွေကိုသဘောကျတယ်“လို့လည်းပြောပြထားပါတယ်။ မိုင်းမိုင် ထားခဲ့တဲ့ချစ်သူတွေအကုန်လုံးက ပါးသိုင်းမေွးှလေးတွေပါတယ်“လို့လည်းဆက်ပြီးတော့ပြောပြထားပါသေးတယ်။ ကိုယ်ကကြမ်းကြမ်းတမ်းတမ်းရှိပေမဲ့ ခံစားလွယ်တယ် ပျော့ပျော့ညံ့ညံ့လူတွေထက်ပိုပြီးတော့မျက်ရည်လွယ်တယ်လို့လည်းသိရပါတယ်။

ချစ်သူကိုတော့ တကယ်ယူတော့ပါမယ်ဆိုမှချပြမယ် မဟုတ်သေးဘူးဆိုရင်တော့ချပြဖို့အစီအစဉ် မရှိသေးဘူးလို့လည်းပြောသွားပါသေးတယ်။ မိုင်းမိုင်ကအမြဲတမ်းချစ်နေတာပါ အချစ်မရှိရင်မနေတတ်ဘူးလို့မှတ်ချက်ပေးခဲ့ပါတယ်

LEAVE A REPLY

Please enter your comment!
Please enter your name here