ပရိသတ်ကြီးရေ.. အနုပညာလောကမှာ ခီမောင်နှံလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ ဇဏ်ခီနဲ့ ခရစ္စတီးနားခီတို့ စုံတွဲလေးကတော့ ပရိသတ်တွေပေးတဲ့ ပြည်သူ့အကယ်ဒမီဆုကို ရရှိထားတဲ့ ပြည်သူချစ်အနုပညာရှင်တွေပဲ ဖြစ်ပါတယ်နော်ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုတွေအပြည့်နဲ့ အောင်မြင်မှုတွေ အခိုင်အမာရရှိထားသလို ပရော်ဖက်ရှင်နယ် ပီသလွန်းတဲ့ အနုပညာရှင်စိတ်ထားတွေကြောင့်လည်

း ပရိသတ်တွေက အမြဲအချစ်ပိုနေကြရတာပဲ ဖြစ်ပါတယ်နော်ပြည်သူတွေ ချစ်သလို အနုပညာရှင်တော်တော်များများရဲ့ အားပေးမှုတွေကိုပါ ရရှိထားတဲ့ ခီမောင်နှံလေးကတော့ အခုတဟ်ခါမှာလည်း ထင်မှတ်မထားတဲ့ လက်ဆောင်လေးတွေကို ရရှိခဲ့ပါတယ်..။သူတို့ဇနီးမောင်နှံလေးရဲ့ နာမည်လေးတွေကို ထိုးထားပြီ

း ရွှေအနားကွပ်နဲ့ ကိုယ်ပိုင်ပန်းကန်ပြားလေးနှစ်ချပ်ကို လက်ဆောင်ရခဲ့တာမို့ ထင်မထားတဲ့ လက်ဆောင်လေးအတွက် ပျော်ရွှင်ခဲ့တာ တွေ့ရပါတယ်နော်..။လက်ဆောင်လေးကိုတော့ နာမည်ကျော် ဒီဇိုင်နာ မင်းသက်စံက မေ(၁၆)ရက်နေ့ (Lotte) မှာကျင်းပပြုလုပ်မယ့်

 

Sweet and Smart Fashion Show အတွက် ဖိတ်စာလေး ပေးပို့ရင်း ပန်းကန်ပြားလေးကိုပါ လက်ဆောင်ပေးခဲ့တာဖြစ်ပြီး ဇဏ်ခီကလည်း ထင်မထားတဲ့ လက်ဆောင်လေးအတွက် ကျေးဇူးတင်စကားလေးနဲ့အတူ ဂုဏ်ပြုဆုတောင်းစကားလေးလည်း ပြောပေးထားပါတယ်..။ Thank you so much Ko Minn Thet Saen! May 16th (Lotte) မှာကျင်းပမယ့် Sweet and Smart Fashion Show အကြီးကြီးအောင်မြင်ပါစေ လို့ဆုတောင်းပေးပါတယ်..” ဆိုပြီး လက်ဆောင်လေးရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း မျှဝေထားတာမို့ ချစ်ပရိသတ်တွေအတွက်လည်း ပြန်လည်မျှဝေတင်ဆက်ပေးလိုက်ပါတယ်နော်.

LEAVE A REPLY

Please enter your comment!
Please enter your name here