ကျော်ကျော်နန္ဒကတော့ တော်လှန်ရေးတိုက် ပွဲကြီးမှာ လမ်းပေါ်ထွက်လှုပ်ရှားမှုတွေပြုလုပ်ပြီး ပြည်သူတွေနဲ့အတူ အရေးတော်ပုံကြီး အောင်မြင်ဖို့အတွက် တစ်ထောင့်တစ်နေရာကနေ ပါဝင်အားဖြည့်ခဲ့သူပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း (၅၀၅-က) နဲ့ တရားစွဲဆိုခံရပြီး ထွက်ပြေး တိမ်းရှောင်ခဲ့ရတာပါ ။

ဒါပေမယ့် မကြာခင်က ၅၀၅ က ဖြင့် အမှု ပြန်လည်ရုတ်သိမ်းခံရတဲ့ အနုပညာရှင်တွေထဲမှာ ပါဝင်ခဲ့တာကြောင့် ကျော်ကျော်နန္ဒကတော့ ရှောင်တိမ်းနေ ရာကနေ မိသားစုတွေဆီ ပြန်လည်ရောက်ရှိလာပြီ ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း သူကိုယ်တိုင်အပါအဝင် ပရိသတ်တွေ အားလုံးက ဝမ်းမြောက်နေကြတာပါ ။

ခုဆိုရင် ကျော်ကျော်နန္ဒက ကုသိုလ်ကောင်းမှုတွေလည်း များစွာပြုလုပ်လျက်ရှိပါတယ် ။ ဒီနေ့လည်း တိရစ္ဆာန်လေးများ ဂေဟာမှာ အစာများကို ကိုယ်တိုင်သွားရောက်လှူဒါန်းခဲ့ကြောင်းကို ” ယနေ့ အေးချမ်းသောအလှူတိ ကလေးတွေ အတွက်ကုသိုလ်အားလုံးအေးချမ်းကြပါစေ ” ဆိုပြီး ရေးသားဖော်ပြထားရာ ပရိသတ်ကြီးလည်း ကျော်ကျော်နန္ဒရဲ့ အလှူလေးကို သာဓုခေါ်နိုင်စေရန် ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။

Credit– Cele Zone

Photo – Kyaw Kyaw Nanda

Celebrity Platforms
Hlataw