ညနေ မိုးရွာပြီးစမှာ ဖလပ် ဖလပ်နဲ့ အသံတွေ ကြားလို့ ထွက်ကြည့်လိုက်သောအခါ ဒီညောင်ပင်ကြီးက တော်တော်လေး ထူးဆန်းတယ် ကဆုန်လ ရောက်ပြီဆိုရင် ရွက်နုဝေပြီး ညောင်ကန်တော့ ထိုးတယ်။

မနေ့က ညနေ မိုးရွာပြီးစမှာ ဖလပ် ဖလပ်နဲ့ အသံတွေ ကြားလို့ လမ်းသွားလမ်းလာနဲ့ အနီးအနားအိမ်တွေက ထွက်ကြည့်တော့ ညောင်ရွက်ကလေးတွေ ကန်တော့ထိုးနေတာ။ အရွက်ကလေးတွေ ထပ်ပြီး ကန်တော့ထိုးနေတဲ့ပုံက လူတွေ တမင်တကာ ယူလိပ်ထားတဲ့အတိုင်းပဲ။

တခြားညောင်ပင်တွေ လည်း ဒီဒေသမှာ အများကြီးရှိကြပေမယ့် ဒီဗောဓိ ညောင်ပင်လိုမျိုး ကန်တော့ မထိုးကြဘူး။ ထူးဆန်းလို့ တင်ပေးတာပါ။ ပဲခူးတိုင်း (အနောက်ခြမ်း ) သာယာဝတီခရိုင် မိုးညိုမြို့နယ် ရေကင်းတာရိုးဦးက ဗောဓိညောင်ပင်ကြီးပါရှင့်။

LEAVE A REPLY

Please enter your comment!
Please enter your name here