အသက်ငယ်ငယ်လေးနဲ့ အောင်မြင်နေတဲ့Makeup Artist လေးတစ်ယောက်အကြောင်းကို ဖော်ပြပေးချင်ပါတယ်။သူ မကတော့ ထိုင်းနိုင်ငံက Natthanan ဆိုတဲ့ မိန်းကလေးပါ။အသက်ကတော့ (၁၂)နှစ်ပဲရှိပါသေးတယ်။အသက် (၁၂)နှစ်ဆိုပေမယ့်လည်း ဈေးကြီးတဲ့ ကိုယ်ပိုင် luxury car တစ်စီးကို ၀ယ်ယူနိုင်တဲ့ အထိ အောင်မြင်နေသူပါ။ ကိုယ်တိုင်မောင်းနှင်ရဖို့ အတွက်တော့ အသက်မပြည့်သေးပါဘူး။Natthanan လေးကတော့ လွန်ခဲ့တဲ့ နှစ်အနည်း ငယ် လောက်ကစပြီး နာမည်ကြီးလာခဲ့တာပါ။

သူမ အသက်(၇)နှစ်တည်းက မိတ်ကပ်သင်တန်းတွေကို တက်ရောက်လေ့လာခဲ့တာပါ။ဆိုရှယ်မီဒီယာပေါ်က မိတ်ကပ် ဗီဒီယိုတွေ၊ makeup tutorials တွေကို ကြည့်ပြီးနောက်မှာတော့ မိတ်ကပ်က သူမရဲ့ ၀ါသနာ ဆိုတာကို သိလိုက် တဲ့ နောက်ပိုင်းကစပြီး မိတ်ကပ်ပညာကို သေချာ လေ့လာ သင်ယူခဲ့တာပါ။သူမဟာ တဖြည်းဖြည်းနဲ့ အရမ်းကို နာ မည်ကြီး လာခဲ့ပြီး (၂၀၁၈) မှာတော့ BBC မှာပါ ဖော်ပြခြင်းခံခဲ့ရဖူးပါတယ်။(၂၀၁၈)ခုနှစ်ရဲ့ London Fashion Week 2018 မှာ makeup artist တစ်ယောက်အဖြစ် ပါဝင်ဖို့ ရွေးချယ်ခံခဲ့ရပြီးနောက် အရမ်းကို နာမည်ကြီး လာခဲ့ တာပါ။London Fashion Week 2018 မှာ ပါဝင်ခွင့်ရတဲ့ အသက်အငယ်ဆုံး makeup artists တစ်ယောက် ဖြစ်လာခဲ့ပါတယ်။လက်ရှိမှာတော့ သူမရဲ့ FB အကောင့်မှာ followers (၈)သိန်းကျော်လောက် အထိ ရှိနေပါပြီ။

အသက်(၁၂)နှစ် သူမရဲ့ မွေးနေ့မှာတော့ ကိုယ့်ကိုယ်ကို မွေးနေ့လက်ဆောင် ပြန်ပေးဖို့ ဆုံးဖြတ် ခဲ့ပါတယ်။ကိုယ့် ကို ယ်ကို ပြန်ပေးလိုက်တဲ့ မွေးနေ့လက်ဆောင်ကတော့ BMW ကားသစ်ကြီးပါ။သူမရဲ့ Fb Post မှာတော့..’ Happy birthday to me . ကျမကို အားပေးတဲ့ Fan တွေကို ကျေးဇူးတင်ပါတယ်။ဆုတောင်းပေးတဲ့ သူတွေ အားလုံးး ကို ကျေးဇူးတင်ပါတယ်။ဆုတောင်းပေးသူ အားလုံးလည်း ပျော်ရွှင်ကြပါစေ..” ဆိုပြီး သူမရဲ့ အကောင့်မှာ ရေးထားပါ တ ယ်။

Natthanan လေးက အသက်ငယ်ငယ်လေးနဲ့ ကားသစ်ကြီး ၀ယ်တဲ့ အထိ အောင်မြင် နေတာကို မြင်ပြီး အားလုံးက အံ့သြ၊အားကျနေကြပါတယ်။(၁၂)နှစ်သမီးလေးက အခုလို အောင်မြင်နေတာကို ကြည့်ပြီး အားကျ တဲ့ အကြောင်း မှတ်ချက်ပေးခဲ့ကြပါတယ်။”ငါတို့မှာတော့ (၂၀) ကျော်နေတာ တောင် ကားမ၀ယ်နိုင်သေးဘူး။ငါအဲ့ အရွယ် တုန်းက ဆိုရင် အရုပ်တွေနဲ့ ကစားဖို့ လောက်ပဲ သိခဲ့တာ..” ဆိုပြီး Comment ၀င်ရေးထားတာ တွေကိုလည်း တွေ့ရပါတယ်။

Source worldofbuzz

LEAVE A REPLY

Please enter your comment!
Please enter your name here