စပွန်ဆာနဲ့ ရပ်တည်နေတာမဟုတ်ဘူးလို့ ငြင်းဆိုလိုက်တဲ့ ဘေဘီမောင်

တစ်ချိန်က ခန္ဓာကိုယ်အသားပေးရိုက်ကူးမှုများခဲ့သည့် ဘေဘီမောင်က ယခုချိန်ထိသူမ ရပ်တည်နေခြင်းသည် စပွန်ဆာဖြင့်ရပ်တည်နေခြင်း မဟုတ်ဟု ငြင်းဆိုလိုက်သည်။

Image may contain: 1 person, smiling, standing, plant and outdoor

“ညီမအရင်တုန်းက မီဒီယာတွေမှာ အခုလိုမျိုးပွင့်ပွင့်လင်းလင်း မမေးခဲ့တဲ့ အတွက် မဖြေခဲ့ရဘူး။ ညီမက ငယ်ငယ်ကတည်းက ကိုယ့်ဘာသာကိုယ် ရှာဖွေခဲ့ပြီး ရပ်တည်နေခဲ့သူပါ။ မိဘကို နှစ်တန်းသုံးတန်း အရွယ်ကတည်းက ရှာဖွေကျွေးမွေးခဲ့သူပါ။ ပွင့်ပွင့်လင်းလင်းပြောရရင် ညီမဈေးရောင်းတယ်။ ဒီလိုဖြေတာက ညီမ ဖြေရဲလို့ ဖြေတာပါပဲ။ မလုံတဲ့သူဆိုရင် မဖြေရဲဘူးလေ။ ညီမ ကိုယ်ချစ်တဲ့သူနဲ့ပဲ ပတ်သက်ချင်တယ်။ ကိုယ် မချစ်ခင် မနှစ်သက်တဲ့သူနဲ့ မပတ်သက်ချင်ပါဘူး။ ပတ်သက်မှာလည်းမဟုတ်ပါဘူး။

Image may contain: 1 person, smiling, standing and indoor

ဟုတ်တယ်။ စပွန်ဆာပေးဖို့ လာပြောကြတာရှိပါတယ်။ ဘယ်လို ထုတ်လုပ်ရိုက်ကူးပေးမှာတွေက အစပေါ့။ နောက် ဘယ်လို ပံ့ပိုးပေမယ်က အစ ပြောလာကြတယ်။ ဒါပေမဲ့ ညီမ မချစ်တဲ့သူနဲ့ မပတ်သက်ချင်ဘူး။ ညီမသာ အဲအချိန်ကတည်း စပွန်ဆာ ယူခဲ့မယ်ဆိုရင် အခုစီးနေတဲ့ကားထက် အဆပေါင်းများစွာ တန်ဖိုးရှိတဲ့ကားကို စီးမှာပေါ့။ နောက် ကျောက်မြောင်း၊ သီတာလမ်း၊ အိမ်နံပါတ် ၂၇ လို နေရာမျိုးမှာ နေမလား။ စဉ်းစားနော်။ ဒီနေ့ထိ ညီမမှာ ဘာမှမရှိဘူး။ Brand ဆိုတဲ့ပစ္စည်းတွေလည်း ညီမ မကိုင်ဘူး။ သူများမိသားစု ပြိုကွဲပြီး ကိုယ်က ခံစား စံစားနေရတဲ့အလုပ်မျိုးလည်း မလုပ်ချင်ပါဘူး။ ညီမ သရုပ်ဆောင်အလုပ်ကိုပဲ သေချာလုပ်ချင်တဲ့သူပါ။ ကိုယ့်စီပွားရေး ကိုယ်ရှာစားပြီး ဘ၀ကို ရိုးရိုးသားနဲ့ ရပ်တည်နေတဲ့ မိန်းမတစ်ယောက်ပါ။ ညီမသာ ထားခဲ့မယ်ဆိုရင် အခုချိန်မှာ နံပါတ်တစ်ဖြစ်နေပြီ”ဟုပြောသည်။

Image may contain: 1 person, outdoor

အမျိုးသားများ အားပေးမှုများခဲ့သည့် ဘေဘီမောင်၏ sexy ဆန်ဆန် ဓာတ်ပုံများသည် လူမှုကွန်ရက်စာမျက်နှာများထက်တွင် နာမည်ကြီးခဲ့သူဖြစ်ခဲ့ပြီး ယခုနောက်ပိုင်းတွင် သူမအနေဖြင့် မြန်မာဆန်ဆန် ၀တ်စုံများကို ပြောင်းလဲဝတ်ဆင်ခဲ့ ချိန်တွင်လည်း အမျိုးသားပရိသတ်များသာမက အမျိုးသမီးပရိသတ်များလည်း ပိုမိုအားပေးလာကြသည်။ ဘေဘီမောင်သည် ဂျွန်လွင်၏ မော်ဒယ်သင်တန်းကို တက်ရောက်ခဲ့ပြီးသည့်နောက်ပိုင်းတွင် sexy ပုံ ရိုက်ကူးမှုဖြင့် လူသိများလာပြီး ယခုအချိန်တွင် အရာအားလုံး ပြောင်းလဲသွားပြီး လက်ရှိတွင် ဗီဒီယိုရုပ်ရှင်ဇာတ်ကားများစွာကို လက်ခံရိုက်ကူးနေသူဖြစ်သည်။

Image may contain: 1 person, smiling, standing and outdoor

Source: Shwe Myanmar

Photo: Baby Maung FB

FB Comments

comments

Post Author: MyoMin Htet

Leave a Reply

Your email address will not be published. Required fields are marked *