“ပျားရည်အိုင်”၊ “ကျွန်မက မဟေသီ” စတဲ့ ဇာတ်လမ်းတွဲတွေနဲ့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုအပြည့်အဝရရှိထားတဲ့ မင်းသားချောလေးအောင်ရေချမ်းကသရုပ်ဆောင်တဲ့နေရာမှာတကယ့်လက်တွေ့နဲ့မခြားသရုပ်ဆောင်နိုင်တာကြောင့်သဘာဝမင်းသားလို့တောင် တင်စားလို့ရပါတယ်။

အောင်ရေချမ်းက တစ်နေ့ထက်တစ်နေ့ အောင်မြင်မှုတွေ ရရှိလာတာနဲ့အမျှ သူ့ရဲ့ အချစ်ရေးကိုလည်း ပရိသတ်တွေက စိတ်ဝင်တစားနဲ့ စောင့်ကြည့်ကြပါတယ်။အောင်ရေချမ်းကသုံးနှစ်တာမျှသက်တမ်းရှိတဲ့ ချစ်သူဘဝလေးကို ပိုင်ဆိုင်ထားသူမို့ ပရိသတ်တွေက အားကျနေကြတာဖြစ်ပါတယ်။

ဒါပေမယ့်စိတ်မကောင်းစွာနဲ့ပဲအောင်ရေချမ်းနဲ့သူ့ရဲ့ချစ်သူဆရာဝန်မလေးတို့ကလမ်းခွဲလိုက်ပြီလို့သိရပါတယ်။အောင်ရေချမ်းနဲ့သူ့ရဲ့ချစ်သူဆရာဝန်မလေးတို့စုံတွဲလေးကိုပရိသတ်တွေကနှမြောတသဖြစ်ကြသလိုတစ်ချို့ကတော့ဆဲဆိုပြီးဝေဖန်မှုတွေရှိခဲ့ကြပါတယ်။အောင်ရေချမ်းကတော့သုံးနှစ်တာချစ်ခဲ့ကြတဲ့ချစ်သူဆရာဝန်မလေးနဲ့လမ်းခွဲခဲ့ကြတဲ့အကြောင်းရင်းကိုပရိသတ်ကိုပြောပြလာခဲ့ပါတယ်။အောင်ရေချမ်းက“အနုပညာအတွက်အချစ်ကိုစွန့်လွှတ်ခဲ့တယ်။

 

ချစ်သူသက်တမ်း(၃)နှစ်ပြည့်ခါနီးမှာအေးအေးလူလူ လမ်းခွဲလိုက်တယ်။ မဖြစ်နိုင်တဲ့အခြေအနေမို့ပါ”လို့ပြောလာခဲ့ပါတယ်။ပရိသတ်ကြီးအတွက်အောင်ရေချမ်းရဲ့interview ဗီဒီယိုဖိုင်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

LEAVE A REPLY

Please enter your comment!
Please enter your name here