ဂျပန်အဝင်းလို့ လူသိများတဲ့ မိုရီဆာကီဝင်းဟာ ဂျပန်နိုင်ငံမှာရော မြန်မာနိုင်ငံမှာပါ အောင်မြင်နေတဲ့ နှုတ်ခမ်းနီမလေးတွေရဲ့အသည်းကျော် မင်းသားချောလေးပါ ။ ၂ နိုင်ငံလုံးက ပရိသတ်တွေက ချစ်ခင်ရတဲ့ ရိုးသားပွင့်လင်းတဲ့ အဝင်းလေးက ဒီတစ်ခါမှာတော့ နိုင်ငံတကာမှာ ခေတ်စားနေတဲ့ Tik tok နဲ့ ပရိသတ်တွေရဲကအသည်းကို ထပ်မံ ခြွေလိုက်ပြန်ပါပြီ ။ မြန်မာစကား သေချာ မပြောတတ်ပေမယ့် အရမ်းကို ပွင့်လင်းပြီး ဟန်ဆောင်မှု ကင်းတဲ့ အ၀င်းရဲ့ ပုံရိပ်တွေကတော့ ပရိသတ်တွေ ကြွေပြီးရင်း ကြွေပါပဲနော် ။

မြန်မာနိုင်ငံမှာ အရမ်းမိုက်တဲ့ Program တစ်ခုရိုက်ကူးနေတဲ့အပြင် program နာမည်ကတော့ An absolutely new variety show ဖြစ်ပြီး MC အနေနဲ့ ရေဗက္ကာဝင်းနဲ့ အရိုင်းတို့ကတာဝန်ယူ တင်ဆက်နေတယ်လို့လည်းသိရပါတယ် ။ အရင်တစ်ခေါက် မြန်မာနိုင်ငံပြန်လာတုန်းက သူ့ကိုချစ်တယ်ဆိုတဲ့ မိန်းကလေးတွေ တကယ်ချစ်ရင် လက်ထက်စာချုပ်ယူလာခဲ့ပါ လက်မှတ်ထိုးပေးမယ်လို့ စနောက် နေတဲ့အ၀င်းကတော့ မြန်မာနိုင်ငံက မိန်းကလေး ပရိသတ်တွေ တကယ်ပဲ လက်ထက်စာချုပ်ယူလာချင်အောင် ချစ်စရာကောင်းတဲ့ Tik tok လေးတွေ နဲ့ အသည်းတွေခြွေလိုက်ပြန်ပါပြီနော် ။

LEAVE A REPLY

Please enter your comment!
Please enter your name here