Selena Gomez ကတော့ ပရိသတ်တွေ အထူးမိတ်ဆက်ပေးစရာ မလိုလောက်အောင် ကမ္ဘာကျော်တဲ့ အမေရိကန် ပေါ့ခ် အဆိုတော်မလေး ဖြစ်ပြီး ကမ္ဘာကျော် အဆိုတော် Justin Bieber ရဲ့ တစ်ဦးတည်းနဲ့ အချစ်ဆုံးသော ရည်းစားဟောင်းတစ်ယောက် လည်းဖြစ်ပါတယ်။ Hailey Baldwin နဲ့ လက်ထပ်လိုက်ပြီးဖြစ်တဲ့ Justin Bieberနဲ့ ထာဝရထိတိုင် အချစ်ဇာတ်လမ်းတစ်ခုပြီးဆုံးသွားခဲ့ပြီ ဖြစ်သလို လက်ရှိမှာ ချစ်သူ သစ် ထပ်မထားဖြစ်သေးတဲ့ သူမက တော့ ချစ်သူဟောင်းကို မျှော်လင့်နေသေးသလား ဆိုတာလည်း မေးခွန်းထုတ်စရာဖြစ်လို့ နေပါတယ်။

Lupus ရောဂါနဲ့ ကျောက်ကပ်ခွဲစိတ်မှု ပြုလုပ်ခဲ့ရသလို (၂၀၁၈) ခုနှစ်အတွင်းမှာ ဆိုးသွမ်းတဲ့စိတ်ကျန်းမာရေး အခြေအနေတစ်ခုကြောင့် ဆေးရုံတက်ကာ ကုသမှုခံယူခဲ့ရပြီး ဆိုရှယ်မီဒီယာ တွေထက်ကနေ Selena Gomez ဟာ လ အတော်ကြာပျောက်ကွယ်သွားဖူးပါတယ်။ ဖက်ရှင်အမျိုးမျိုးနဲ့ ဂယက်ထတတ်လွန်းတဲ့ Met gala ပွဲကိုလည်း မနှစ်က တက်ရောက်ခဲ့ပေမဲ့ ဒီနှစ်မှာ တက်ရောက်ခဲ့ခြင်းမရှိသလို လူစည်ကားရာ ပြပွဲ ၊ ဆုပေးပွဲ နဲ့ ကောဇောနီပွဲတွေနဲ့ အတော် အလှမ်းဝေးနေတဲ့ ကတော့ နောက်ဆုံးမှာ ကျော့ကျော့မော့မော့ နဲ့ ကိုယ့်ကိုကိုယ် ယုံကြည်မှု ရှိရှိ လှပနေတဲ့ သူမကို ပြန်လည်မြင်တွေ့ ရပြန်ပါတယ်။

ကျန်းကျန်းမာမာ လှပစွာနဲ့ အားလုံးရဲ့ အကြည့်တွေကို ဖမ်း.စားညို့ယူနိုင်သူ Selena Gomez ကတော့ အဖြူရောင် outfit လေးနဲ့ အတူ အနီရောင် နှုတ်ခမ်းရဲရဲ လေးကို ဆိုးကာ အများငေးမောရလောက်အောင် (၇၂) ကြိမ်မြောက် Cannes Film Festival ရဲ့ ကောဖောနီပွဲကို တက်ရောက်လာခဲ့တာဖြစ်ပြီး (၂၀၁၉) ခုနှစ်အတွင်း ထွက်ရှိကာ ရုံတင်ပြသမဲ့ The Dead Don’t Die လို့ အမည်ရတဲ့ Zombie (ဖုတ်ကောင်) Horror Flim အမျိုးအစားရုပ်ရှင်မှာ အဓိက ခေါင်းဆောင်မင်းသမီးတစ်ယောက် အနေနဲ့ ပါဝင်ထားတာမို့ ဒီပွဲကို တက်ရောက်လာခဲ့ခြင်း ဖြစ်ပြီး Selena Gomez ကို ပထမဆုံး အနေနဲ့ ခုလို ကောဇောနီပွဲတွေမှာ ပြန်လည်မြင်တွေ့ရခြင်းလည်းဖြစ်ပါတယ် ။

LEAVE A REPLY

Please enter your comment!
Please enter your name here