ကိုရီးယားနိုင်ငံမှာ Night Out ထွက်ရင်း လျှောက်လည်နေကြတဲ့ ယုန်လေးနဲ့သင်ဇာတို့အဖွဲ့

အဆိုတော်၊ သရုပ်ဆောင် ယုန်လေးနဲ့ သရုပ်ဆောင် မင်းသမီးချောလေး သင်ဇာဝင့်ကျော်တို့အဖွဲ့ကတော့ လက်ရှိမှာ ကိုရီးယားနိုင်ငံကို ရောက်ရှိနေကြတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ကမှ မြန်မာနိုင်ငံက ထွက်ခွာခဲ့ကြတဲ့ သူတို့အဖွဲ့ကတော့ မေလ ၃ ရက်နေ့၊ မနက်ပိုင်းမှာ ကိုရီးယားလေဆိပ်ကို ဆိုက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။ သူတို့အဖွဲ့လေးက ကိုရီးယားသင်္ကြန်ပွဲမှာ ပါဝင်ဖျော်ဖြေပေးဖို့ ခရီးထွက်ခဲ့တာ ဖြစ်ပါတယ်။

မကြာခင်မှာ ကျင်းပပြုလုပ်တော့မယ် ကိုရီးယား သင်္ကြန်ပွဲတော်မှာတော့ အဆိုတော် ယုန်လေး ၊ သရုပ်ဆောင် သင်ဇာဝင့်ကျော်၊ အဆိုတော် ဂျင်းနီတို့က သီချင်းဆို ဖျော်ဖြေပေးကြမှာ ဖြစ်ပါတယ်။ အခုလည်း သူတို့အဖွဲ့လေးက ကိုရီးယားနိုင်ငံကို ရောက်ရှိတုန်းမှာ လျှောက်လည်ရင်း Night Out ထွက်ခဲ့ကြပါတယ်။ သူတို့အဖွဲ့လေးကတော့ လူစုံတက်စုံနဲ့ ပျော်ပျော်ပါးပါး စားသောက်နေကြတာလည်း တွေ့ရပါတယ်။

အခုလည်း ယုန်လေးက ကိုရီးယားနိုင်ငံရောက် သူတို့အဖွဲ့ရဲ့ ပုံလေးတွေကို တင်ပေးထားပါတယ်။ မကြာခင်မှာလည်း ယုန်လေးတို့ သင်ဇာတို့ရဲ့ ဖျော်ဖြေမှုတွေကို ပရိသတ်တွေ မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ကိုရီးယားနိုင်ငံမှာ လျှောက်လည်နေတဲ့ ယုန်လေးနဲ့ သင်ဇာတို့အဖွဲ့ရဲ့ ပုံလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *

Show Buttons
Hide Buttons