ပရိတ်သတ်ကြီးရေ….အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ အနုပညာလောကထဲကို ဝင်ရောက်လာခဲ့တဲ့ ထိပ်ထားသခင် ဟာဆိုရင် ချစ်စရာကောင်းတဲ့ အမူအရာလေးတွေနဲ့ လူတကာချစ်ခင်ပြီး အသက်အရွယ်နဲ့မလိုက်အောင် တီတီတာတာ ပြောဆိုတတ်ခဲ့တာကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်မှုများစွာကို ရရှိထားခဲ့ရတာပဲ ဖြစ်ပါတယ်။

ထိပ်ထားလေးဟာဆိုရင် အသက် ငယ်ငယ်ရွယ်ရွယ်နဲ့ အဘက်ဘက်ကနေ တော်လွန်း ထက်မြက်လွန်းတဲ့ သူလေးတစ်ယောက်ဖြစ်တာကြောင့် ချစ်စရာကောင်းတဲ့ ကလေးသရုပ်ဆောင်တစ်ယောက်အဖြစ် ပရိသတ်တွေကြားမှာ ယနေ့အချိန်အထိ အပြောများပြီး အောင်မြင်မှုကို ဆွတ်ခူးရရှိ ထားခဲ့ရတာပဲဖြစ်ပါတယ်။သမီးလေး ထိပ်ထားသခင်ကတော့ သာမာန်ကလေးတစ်ယောက်ထက်ပိုပြီး ထူးခြားထက်မြက်တယ်ဆိုတာတော့ ပြောစရာလိုမယ်မထင်ပါဘူး။

ဒီကနေ့မှာဆိုရင်လည်း ထိပ်ထားလေးက ကိုဗစ်ရောဂါအခြေအနေတွေဆိုးရွားနေတာကြောင့် ဘယ်မှမသွားရပဲအိမ်ထဲမှာပဲနေနေရတာကြာလာတော့ပြင်းပြီး မိခင်ဖြစ်သူကို သူအဖော်ရအောင်ကလေးတစ်ယောက်ထပ်မွေးပေးဖို့အတွက်ရစ်နေတာပဲဖြစ်ပါတယ်နော်..။အဲ့လိုမိခင်ဖြစ်သူကိုရစ်နေတဲ့ထိပ်ထားလေးရဲ့ချစ်စရာရာတွတ်တီးတွတာပြောဆိုနေပုံ ဗီဒီယိုဖိုင်လေးကိုခုလိုပဲချစ်ပရိတ်သတ်ကြီးကို တစ်ဆင့်ကူးယူဖော်ပြပေးလိုက်ပါတယ်နော်..။ဖတ်ရှုပေးတဲ့ Celebrity Platforms ပရိတ်သတ်ကြီးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။

ထိပ်ထားသခင် Facebook Acc

Celebrity Platforms