ဘာစီလိုနာတိုက်စစ်မှူးလီယွန်နယ်မက်ဆီဟာ ဘာစီလိုနာအသင်းအခြေစိုက်ရာဒေသ ဖြစ်တဲ့ ကာတာလိုနီးယား ဒေသရဲ့ ဂုဏ်ထူးဆောင်ဆုတံဆိပ်ချီးမြှင့်ခဲ့ရပါတယ်။ ကတ်တလန်ဒေသမှာ ဂုဏ်ယူစရာ အကောင်းဆုံးဆုတံဆိပ်တစ်ခုဖြစ်ပြီး စပိန်လို Creu de Sant Jordi ဆုလို့ ခေါ်ဝေါ်ကြပါတယ်။

ဘောလုံးသမားတွေထဲမှာတော့ ဘာစီလိုနာ ဂန္ထ၀င်ကစားသမားဟောင်းကြီး ဂျိုဟန်ခရွိုက် ရယူနိုင်ခဲ့ပြီး နောက် လီယွန်နယ်မက်ဆီက ဒုတိယမြောက် ဘောလုံးသမားဖြစ်ပါတယ်။ အားကစားသမားတွေထဲမှာတော့ လီယွန်နယ် မက်ဆီက တတိယမြောက်ကစားသမားဖြစ်ပြီး စပိန်ဘက်စကတ်ဘောကစားသမားဟောင်းတစ်ဦး ကလည်း အဆိုပါ ဂုဏ်ထူးဆောင်ဆုကို ရယူနိုင်ခဲ့ဖူးတာဖြစ်ပါတယ်။

Creu de Sant Jordi ဆုကို ၁၉၈၁ ခုနှစ်ကတည်း ကတ်တလန်ဒေသတွင်းအစိုးရအ ဖွဲ့က နှစ်စဉ်ပေး အပ်ချီးမြှင့်ခဲ့တဲ့ ဒုတိယအမြင့်ဆုံး ထူးချွန်ဆုတစ်ခုဖြစ်ပါတယ်။ အဆိုပါဆုဟာ ကတ်တလန်ဒေသ အတွင်းမှာ လူမူအကျိုးပြုလုပ်ဆောင်နိုင်ခဲ့တဲ့ သူတွေကို ချီးမြှင့်တာဖြစ်ပြီး ဘာစီလိုနာအသင်းအတွက် စံချိန်တင်အောင်မြင် မူတွေရရှိအောင် လုပ်ဆောင်နိုင်မူကြောင့် မက်ဆီကို ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။

အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီဟာ အသက် ၁၃နှစ်ကတည်းက ဘာစီလိုနာရဲ့ လာမာစီယာအကယ်ဒမီကို ရောက်ရှိနေတာဖြစ်ပါတယ်။ လက်ရှိအချိန်အထိ အသင်းအတွက် ၆၈၅ပွဲကစားထားပြီး သွင်း ဂိုး၆၀၀ နဲ့ အသင်းသမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းယူနိုင်ခဲ့တဲ့ ကစားသမားအဖြစ် စံချိန်တင်ထားတာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ လာမယ့်တနင်္ဂနွေနေ့မှာ အိုက်ဘာနဲ့ လာလီဂါနောက်ဆုံးပွဲစဉ်အဖြစ်ယှဉ်ပြိုင်ကစားရဖို့ ရှိပြီး မေလ၂၆ရက်မှာတော့ ဗလင်စီယာအသင်းနဲ့ ကိုပါဒယ်ရေးဖလားဗိုလ်လုပွဲယှဉ်ပြိုင်ကစား သွားရမှာဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here